ဆီးဂိမ်းတွင် ကျင်းပမည့် အားကစားနည်း ၃၃ မျိုးအတွက် အာရှနိုင်ငံများမှ ဒိုင်လူကြီး ၈၀၀ ကျော်လာရောက်မည်

Thursday, August 29, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးအတွက် အရှေ့
တောင် အာရှနိုင်ငံများမှာ ဒိုင်လူကြီး ၈၀၀ ကျော်ခန့် လာရောက်မည်ဟု ခန့်မှန်းကြောင်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက“အတွေ့အကြုံအရ ပြောမယ်ဆိုရင် အားကစားနည်း ၃၃ မျိုးစလုံးအတွက် ဒိုင်ဂျူရီအဖွဲ့ဝင် စုစုပေါင်း ၈၃၁ ယောက်လေ
ာက် လာမယ်လို့ ခန့်မှန်းပါတယ်။
ဒါကခန့်မှန်းတာပါ။ အတိအကျတော့ မဟုတ်ပါဘူး။ သေချာတာတစ်ခုကတော့ အယောက် ၁၀၀၀တော့ မကျော်ပါဘူး။ ဒီထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာဒိုင်လူကြီးကအယောက် ၁၅၀ ၀န်းကျင်လောက်ပဲ ရှိမှာပါ။ ဆီးဂိမ်း ပြိုင်ပွဲကို လာမယ့် ဒိုင်လူကြီးစာရင်းကို အောက်တိုဘာလ နောက်ဆုံးထားပြီး အပြီး ကောက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကိုလာမည့် ဒီဇင်ဘာလတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလး၊ ငွေဆောင် စသည့် လေးနေရာခွဲကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် နေပြည်တော်၊ ရန်ကုန် အားကစား လေ့ကျင့်ရေးစခန်းများ
တွင် အားကစားသမား စုစုပေါင်း ၁၈၀၀ ကျော်ဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။

ရန်ကုန်မြို့တွင် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များ၊ သေနတ်ပစ်၊ ဟော်ကီ၊ နပမ်း၊ ကမ်ဘို၊ ကာယဗလပြိုင်ပွဲများအား
လည်းကောင်း၊ ငွေဆောင် ကမ်းခြေတွင် ရွက်လှေပြိုင်ပွဲအားလည်းကောင်း မန္တလေး အဆင့်မြင့်ဘောလုံးကွင်းတွင်အမျိုးသမီးဘောလုံးပြိုင်ပွဲအားလည်းကောင်း ကျင်းပမည်ဖြစ်ပြီး ကျန်အားကစား နည်းများကို နေပြည်တော်၊ ၀ဏ္ဏသိဒိ္ဓအားကစားရုံနှင့် ဇေယျာသီ ရိအားက
စားရုံများတွင် ကျင်းပမည်ဖြစ်သည်။

သောကြာ
မဇ္ဈိမ


SHARE THIS
Previous Post
Next Post