တရားမဝင် လုပ်သားများကို မလေးရှားအာဏာပိုင် အကြီးအကျယ်နှိမ်နင်းမည်


မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြား
သား လုပ်သား အရေအတွက် ငါးသိန်းခန့်အထိရှိသည်ဟု ခန့်မှန်းချက်များရှိရာ ယခင် နှိမ်နင်း
မှုများထက် ပိုကြီးသော စစ်ဆင်ရေးဖြင့် ရှာ
ဖွေ ဖမ်းဆီး နှိမ်နင်း သွားမည် ဖြစ်ကြော
င်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ
AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

မလေးရှားနိုင်ငံအနှံ့ ရာဇဝတ်မှု ဖြစ်ပွား
နှုန်း တက်လာကာ လုံခြုံရေးကိစ္စအား အာရုံစိုက်နေစဉ် အဆိုပါ တရားမဝင် လုပ်သားများအား အကြီးအကျယ် နှိမ်နင်းမည့် အာဏာပိုင်များ၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။

သုံးလ ကြာမြင့်မည့် စစ်ဆင်ရေးကို လာမည့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး တရားမဝင် ဗီဇာသက်တမ်း မရှိတော့ ဘဲ နေထိုင် လုပ်ကိုင်နေသူများအား နေရပ်သို့
ပြန်ပို့မည် ဖြစ်ကြောင်း မလေးရှား လူဝင်
မှု ကြီးကြပ်ရေး ဌာန၏ ညွှန်ကြားရေးမှူးချုပ် အေလီ ယက်စ်အာမက်က ပြောကြားခဲ့သည်။

တရားမဝင် လုပ်သားများ ရှင်းလင်းမည့် အဆိုပါ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေး ဌာန
မှ ဦးဆောင်၍ ဝန်ထမ်း အင်အား တစ်သိန်း သုံးသောင်း ငါးထောင်ကို အသုံးပြုသွားမည်ဟုလည်း
ပြည်တွင်း မီဒီယာ The Star သတင်းစာက ဖော်ပြထားသည်။

ရာဇဝတ်မှုများတွင် နိုင်ငံခြားသားများ ပါဝင်လာမှု မြင့်တက်လျက် ရှိပြီး အထောက်အထား မရှိသည့် လုပ်သားများ အရေအတွက် များလာခြင်းကြောင့် လုံခြုံရေးအရ စိုးရိမ်ရမှုများ
ရှိလာကြောင်း မလေးရှား အရာရှိများက ပြောကြားကြသည်။

ရာဇဝတ်မှု အရေအတွက် ကျဆင်းသွားသည်ဟု အ
စိုးရက ဆိုထားဖူးသော် လည်း အဓိက မြင့်တက်လာသည့် ရာဇဝတ်မှုများမှာ ခိုးမှု၊ လုယက်မှု များ ဖြစ်သည်။

ဒုစရိုက်မှုများနှင့် ဆက်စပ်သော လူတစ်ထောင့် လေးရာခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုပြောကြား သည်။

“ခုအချိန်ဟာ ဥပဒေ တကယ်ကို အသက်ဝင်ရမယ့် အချိန်
ဖြစ်ပါတယ်။ သူတို့ ပုန်းနေမယ်ဆိုလည်း ဘယ်လောက် ပုန်းနိုင်မှာမို့လဲ” ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ချုပ်က ဆိုသည်။

မလေးရှားနိုင်ငံသည်အရှေ့တောင်အာရှ၏ တတိယအကြီးဆုံး စီးပွားရေး ရှိသည့် နိုင်ငံ ဖြစ်ပြီး ဒေသတွင်း နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါတို့မှ ရွှေ့ပြောင်း လုပ်သားများစွာလာရောက် အလုပ် လုပ်ကိုင်လျက် ရှိသည်။

The VoiceWeekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post