ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ မောင်တောတွင် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းရန်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ မောင်တောတွင် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ
နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မ
ှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့
စည်းရန် စီစဉ်နေကြောင်းသတင်းရရှိသည်။

"မောင်တောနယ်စပ်မှာ ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င်ဝင်ရောက်မှုမှကာကွယ်ရေးအဖွဲ့ (မကဖ)ကို ဖွဲ့ဖို့လုပ်နေပါတယ်။ ဖွဲ့စည်းပုံလည်း မထုတ်သေးတော့ လုပ်ငန်းတော့ မစသေးပါဘူး။
ရုံးချုပ်မှာတော့ အစီအမံတွေ ဆွဲနေပါတယ်။ အဆင့်ဆင့် တင်ပြရတော့ မကျသေးတာပါ" ဟု ကျီးကန်းပြင်ဌာနချုပ်၊ လ၀ကအဖွဲ့မှ အရာရှိတစ်ဦးက ဆို
သည်။

နစကအဖွဲ့ တာဝန်ထမ်းဆောင်စဉ်က လ၀က၀န်ထမ်းများမှာဆွဲတင်စစ်လုပ်ငန်းများကို အဓိက ဆောင်ရွက်ခဲ့ရကြောင်းနှင့် နစက ဖျက်သိမ်းပြီးနောက်ပိုင်းတွင် လ၀က၀န်ထမ်းများ အနေဖြင့်
အထက်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးသဖြင့် လုပ်ငန်းများအား ယာယီရပ်နား
ထားရခြင်းဖြစ်ကြောင်း သိရသည်။

နစကအဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်၊ ရဲတို့မှာ လုံခြုံရေး တာဝန်များကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ယခင်ကမောင်တောနယ်စပ်မှာ မကဖ အမှတ် ၁၇ ဟုသိရှိရပြီး နစက ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်
ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုမှ
ကာကွယ်နိုင်ရေးအတွက် မကဖကို ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းခဲ့တဲ့ နယ်စပ်ဒေသ လူဝင်မှုကွပ်ကဲရေးဌာနချုပ် (နစက) အဖွဲ့တွင် တပ်မတော်၊ ရဲ၊ လ၀က၊ အကောက်ခွန် စုပေါင်းဖွဲ့စည်း ခဲ့သော်လည်း မကဖ အဖွဲ့ကို လ၀က ၀န်ထ
မ်းများဖြင့်သာ ဖွဲ့စည်းရန်ရှိကြောင်း သိရ
သည်။

မကဖ အဖွဲ့ဝင်များ အနေဖြင့် မောင်တြော
မို့ ၀င်ထွက်စခန်း ပီအိုအီးဂိတ်၊ သုံးမိုင်စစ်ဆေးရေးဂိတ်၊ မြောက်ပိုင်းနယ်မြေများရှိ ကင်း
စခန်းများဖြစ်သော အောင်ဇူ၊ ကြိမ်ချောင်း
၊ ငါးခူရ၊ ပြင်ဖြူ၊ တောင်ပြိုလက်ဝဲဒေသနှင့် မောင်တောမြို့နယ် တောင်ပိုင်းမှ မကျည်းေ
ချာင်း၊ အလယ်သံကျော်၊ မြင်းလွှတ်နှင့် အင်းဒင်နယ်မြေများတွင် နေရာချထားရန် စီစဉ်နေကြောင်း သိရသည်။
Eleven Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post