အင်းစိန်၌ ဆိုင်ကယ်စီးနင်းပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရမည်


ရန်ကုန် ဩဂုတ် ၂၄
အင်းစိန်မြို့နယ်အတွင်း မော်တော် ဆိုင်ကယ်စီးနင်းသူ ပပျောက်ရေး စီမံချက်တစ်ရပ်အနေဖြင့်
မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်ဖြင့် ရပ်ကွက်၂၁ ရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများက ပြည်သူများထံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဖြစ်သော အင်းစိန် မြို့နယ်အတွင်းရှိ ၂၁ ရပ်ကွက်တ
ွင် ဆိုင်ကယ်မစီးနင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ် ရေးမှူးများထံ ဩဂုတ်၁၆ ရက်တွင် ညွှန်ကြားခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ များအနေဖြင့် ဖမ်းဆီးရမိပါက ပို့ကုန်၊
သွင်းကုန်ဥပဒေပုဒ်မ-၈အရသုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း
သိရှိရပြီး ဩဂုတ် ၁၈ ရက် ညက ရွာမ အရှေ့ရပ်ကွက်အတွင်း၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ ပြည်သူများထံ အထက်ပါနှိုးဆော် ချက်ကို ကြေညာေ
ကြာင်း သိရ သည်။

(မြင့်ဦး-အင်းစိန်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post