မန္တလေးကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့်ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးအား ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်ညပိုင်းတွင် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်
နေပြီ ဖြစ်သည်။ အဆိုပါလူငယ်အုပ်စုသည် မည်သည့်ရန်ငြိုး ရန်စမှ မရှိပါဘဲ မန္တလေးကျုံးဘေး တစ်
ဝိုက်တွင် ရမ်းကားမှု ခြောက်ကြိမ်အထိ ကျူးလွန်ခဲ့ကြပြီး လူလေးဦးအားလည်း အကြောင်းမဲ့ ဓားဖြင့်လိုက်ခုတ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထူးခြားသည့် အချက်မှာ အဆိုပါ အကြောင်းမဲ့ လက်နက်ကိုင် ရမ်းကားခဲ့သည့် လူငယ်များမှာ အသက်
၂၀ အောက် လူငယ်များဖြစ်နေကြပြီး အသက်၁၄ နှစ်အရွယ် လူငယ်ထိပါ ပါဝင်နေခြင်းပင်ဖြစ်သည်။
မန္တလေးကျုံးနဘေးမှာဓားနဲ့လိုက်အခုတ်ခံရတဲ့..မျိုးသူရဦး-ဆိုသူ လူငယ် နောက်ထပ်တစ်ယောက်ရဲ့ ရ
င်ဖွင့်သံကို ပြည်သူ့ဆန္ဒဂျာနယ် မှာ ဖော်ပြထားတာတွေ့လို့ကူးယူဖော်ပြလိုက်တယ်)
ကျွန်တော့်နာမည် မျိုးသူရဦးပါ။ မန္တလေးကျုံးနဘေးမှာ ဓားနဲ့အခုတ်ခံရတဲ့အကြောင်းကို တင်
ပြချင်ပါတယ်။ ဇူလိုင်လ (၂၇)ရက်၊ စနေနေ့ည(၈)နာရီအချိန်လောက်က ဖြစ်ပါတယ်။ ကျွန်တေ
ာ် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ၊ လမ်း၈၀ အတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို ပြန်အလာ ၁၄လမ်းနဲ့ ၁၅လမ်းကြားအရောက်မှာ နောက်ကနေ ဖီနိုဆိုင်ကယ်၃စီးနဲ့ လိုက်လာပြီး ခုတ်
တာပါ၊
ကျွန်တော်လည်းဓားနဲ့အခုတ်ခံလိုက်ရ
တာနဲ့ ကြောက်ပြီး အိမ်ကိုအရောက် အတင်းမောင်းပြေးခဲ့ပါတယ်၊ အဲဒီအချိန်မှာ နောက်ကနေအစ်ကိုကြီးတစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီး ကျွန်တော့်ကို သတင်းမေးပါတယ်၊ ကျွန်တော်တို့
ဆိုင်ကယ်မောင်းလာရင်းနဲ့ ကျုံးရဲ့မြောက်ဖက်ပေါက်ကို ရောက်လာပါတယ်။ နောက်က သတင်းလို
က်မေးတဲ့ အစ်ကိုကြီးက မြောက်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေတွေ့တာနဲ့ ၀င်ပြီးအကြောင်းကြားဖို့ပြောပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးက ပဲ ဦးဆောင်ပြီး ရဲတွေကို ကျွန်တော်ရလာတဲ့ ဒဏ်ရာတွေပြပြီး အကျိုးအကြောင်းပြောပြပါတယ်။
အဲဒီအခါမှာ ရဲတွေက ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ်(၄)စခန်းပိုင်နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောပါတယ်၊ ဒါနဲ့ပဲ အကူအညီပေးတဲ့အစ်ကိုကြီးက ဦး
ဆောင်ပြီး ကျွန်တော်တို့ အမှတ်(၄)ရဲစခန်းကိုသွားခဲ့ပါတယ်။ အမှတ်(၄)ရဲစခန်းကိုရောက်တော့ တာဝန်ကျနေတယ်ဆိုတဲ့ ရဲတစ်ယောက်ပဲ တွေ့ပါတယ် ယူနီဖောင်းဝတ်မထားပါဘူး။ နောင်မှ အဲဒီသူဟာ ရဲတပ်ကြပ်အောင်မြင့်ဦးလို့ သိရပါတယ်။ တာဝန်ကျတပ်ကြပ်အောင်မြင့်ဦးကလည်း “ကျုံးဘေးမှာတာဝန်ကျနေတဲ့ရဲတွေရှိတယ်၊ အဲဒီကိုသွားပါ” လို့ လွှဲချပြန်ပါတယ်။ လိုက်ကူညီပေးတဲ့အစ်ကိုကြီးက ဒဏ်ရာရလာတဲ့လူ ပါလာပါတယ် ဆိုပြီး ကျွန်တော့်ကိုပြပြီးပြောမှဆေးစာရေးပေးပါတယ်။
ကျွန်တော့်ကိုလိုက်ကူညီပေးတဲ့အစ်ကိုကြီးဟာ မဇ္ဇျိမသတင်းစာက သတင်းထောက် အောင်ကိုဦးဆိုတာကို
နောက် နေ့ကျမှပဲသိခဲ့ရပါတယ်။ သတင်းထောက်အောင်ကိုဦးက ကျွန်တော့်အဖြစ်အပျက်ကို မဇ္ဇျိမသ
တင်းစာမှာ ဖော်ပြပေးလို့ ဓာတ်ပုံနဲ့ တကွ
ပါလာခဲ့ပါတယ်။
ကျွန်တော်ပြောချင်တာက ပြည်သူ့ရဲတွေကိုပါ။ လောလောလတ်လတ် ဓားနဲ့အခုတ်ခံထားရတဲ့
ဒဏ်ရာကြီးကို မြင်နေပါရက်နဲ့ အကူအညီမပေးပဲ ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲချနေကြတာကို နားမလည်နိုင်ပါဘူး။ ဒီလိုသာဆိုရင် ပြည်သူလူထုက ဘ
ယ်သူ့ ကို အားကိုးရတော့မှာလဲ။
ကျွန်တော်ဓားနဲ့အခုတ်ခံရတဲ့အမှုဟာလည်း အခုထိ ဘာမှ မထူးခြားပါဘူး။ ခုတ်တဲ့သူတွေကိုလည်း မဖမ်းမိပါဘူး။ ကျွန်တော့်လိုပဲ ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူပေါင်း တစ်ရာကျော်ရှိပြ
ီလို့ သိရပါတယ်။ တစ်မှုမှ မပေါ်ပါဘူး၊ တရားခံတစ် ယောက်မှ မဖမ်းမိပါဘူး။ ဒီအတိုင်းဆိုရင်ကျုံးဘေးမှာ သွားလာရမှာတောင် ကြောက်နေ
ရပါပြီ။ ကျွန်တော်ဓားနဲ့အခုတ်ခံရတာ ည
(၈)နာရီလောက်ပဲရှိပါသေးတယ်။ ကျုံးဘေးမှာ တခြားသွားလာနေသူတွေ၊ ယာဉ်တွေ အများကြီးရှိနေတဲ့ကြားထဲကနေ ဓားနဲ့ ခုတ်ပြေးကြတာပါ။
ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲခင်ဗျာ။
ဆောင်းလုလင်
