25 AUGUST 2013
မန်ချက်စတာ ယူနိုက်တက်၏ ရာသီအဖွင့် ဆွမ်ဆီးနှင့် ပွဲတွင် နှစ်ဂိုး သွင်းယူခဲ့သူ ဒန်နီဝဲလ်ဘတ် အား ယခုနှစ် တွင်
ဂိုး(၂၀) အနည်းဆုံး သွင်းယူမည့် တိုက်စစ်မှုးအဖြစ် မိမိမြင်ထားကြောင်း မိုရက်စ် က ထုတ်ဖေါ် ချီးကျူး ခဲ့သည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးလည်း ဖြစ်နေသူ ၀ဲဘတ်၏တိုးတက်လျှက် ရှိနေသည့် ကစားပုံနှင့် သူတာဝန်ယူ ရသည့် နေရာအတွက် မိုရက်စ် က ကျေနပ် နေပြီး ဂိုးအရေ အတွက်ကို
ဦးဆောင်နိုင်မည့် တိုက်စစ်မှုးများ ထဲမှာ တစ်ဦး ဖြစ်လာလိမ့်မည်ဟု ယုံကြည် နေသည်။
“သူ့ကို ဂိုးအရေအတွက် များနိုင်အောင် ကြိုးစားဖို့ကိုရာသီကြို ခြေစမ်းပွဲတွေ ကတည်းက ကျွန်တော်ဖိအား ပေးထားခဲ့တယ်၊ ပရီးမီးယားလိဂ် မစခင် ခြေစမ်းပွဲတွေမှာ သူလွဲချော်ခဲ့ တာတွေ တော့ရှိခဲ့ပါတယ်။ ဒါ
ပေမယ့် ဒီနှစ်မှာ ဂိုး(၂၀)လောက် သွင်းနိုင်ဖို့ ကျွန်တော် မှန်းထားတဲ့ ကောင်လေးဟာ ဆွမ်ဆီးနဲ့ ပွဲမှာ(၂) ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယဂိုးဟာ တဘက်ဂိုးသမားရဲ့ ခေါင်းကို ကျော်ချပြီး ယုံကြည်မှု့ ရှိရှိနဲ့ သွင်းယူသွားခဲ့တဲ့ ဂိုးဖြစ်ပါတယ်၊”
“ခင်ဗျား အနေနဲ့ဆိုရင်လဲ ဂိုးတစ်ဂိုး ရရှိဖို့ ဆိုတဲ့ အားထုတ်မှု့မှာ ယုံကြည်မှု့ လိုအပ်တယ် ဆိုတာ လက်ခံနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါ့အပြင် ဂိုးသွင်းနိုင်ဖို့ ဆိုတာကလည်း မှန်ကန် တဲ့ နေရာယူမှု့မှာ ရောက်နေဦးမှ ဖြစ်မှာပါ ။
ဒါပေမယ့် ဒန်နီ့အတွက် ဂိုးတစ်ဂိုး ရရှိဖို့ ဆိုတာ နေရာယူ မှန်နေမှ မဟုတ်ပါဘူး” “ဘယ်လိုလဲ သူတကယ်ပဲ ဂိုး(၂၀)ထိရောက်ပါ့မလား?? ကျွန်တော်တို့ကတော့ သူ့ကို အကောင်းဆုံး အထောက် အပံ့တွေ ပေးသွားမှာပါပဲ” ဟု ၀ဲလ်ဘတ်နှင့် ပါတ်သတ်ပြီး ပြောဆို သွားသည်။
Ref - http://football-cafe.com/
index.php

