ယခုဘဏ္ဍာနှစ် အတွင်း သဘာဝ ဓာတ်ငွေ့ ကုဗပေ ဘီလီယံ ငါးရာကျော် ထုတ်မည်

25 AUGUST 2013 
မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက
၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံးရှိ ကမ်းနီးကမ်းဝေးလုပ်ကွက်များမှသဘာဝဓာတ်
ငွေ့ ကုဗပေ ဘီလီယံငါးရာကျော်နှင့် ရေနံစိမ်းစည် သုံးသန်းခွဲခန့် ထုတ်ယူမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။

သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၇,၀၈၆ ကို ပြည်တွင်းသို့ တင်သွင်းဖြန့်ဖြူး မည်ဖြစ်ပြီး ကုဗပေသန်း၄၃၇,၂၉၉ ဒသမ ၀၀၅ ကို ပြည်ပသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း၊ ရေနံစိမ်းကိုမူ မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းက နှစ်အလိုက် ချက်လုပ်မည့် ပမာဏကို ချန်လှပ်၍
ကျန်ရေနံစိမ်းများကို ပြည်ပသို့ ရောင်းချမည်
ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ထံမှ သိရသည်။ တိုင်းပြည်အနေနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသော ရပိုင်ခွင့်၊ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်း
ဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာသင်ကြားရေး ရန်ပုံငွေနှင့် ဝင်ငွေခွန်များ ရရှိကြောင်း စွမ်းအင်ဝ
န်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက ဆိုသည်။

“အခု ထပ်တွေ့တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကိုပြည်တွင်းမှာ ဦးစားပေး သုံးစွဲမယ်။ ပြည်တွင်းသုံးစွဲလို့ ဖူလုံရင် တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်မယ်”
ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်အထိ စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် ကုန်းတွင်းရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ၂၀ ခုနှင့် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ငါးခု ရှာဖွေတွေ့ရှိ ထားသည်။

From : The Voice

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post