စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား


Created on Sunday, 25 August 2013 02:03
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့လာရောက်အလုပ်လုပ်
ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဆိုသောသတင်းထွက်ပေါ်
အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက်ရှိလာပြီး တရား
ခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာ နေရာသို့စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်/လုံဝန်ကြီး ရောက်ရှိကာ
အခြေအနေကို ၀ိုင်းဝန်ထိန်းသိမ်း နေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များ ရောက်ရှိကာ မီးငြိမ်းသတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်မှ သတင်းပေးပို့သည်။
"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရိ
ှု့မှုတွေက အခုထိ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြား ရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ်လာမှာကို ဒေသခံတွေအားလုံး စိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး" ဟု
The Daily Eleven သတင်းထောက်က သြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။

ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ
မီးငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

From : Eleven

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post