ပန်းတနော်တွင် ဘာသာမတူသည့် လူမျိုးစု နှစ်ခုတို့ ပဋိပက္ခဖြ စ်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ဘာသာမတူသည့် လူမျိုးစုနှစ်ခုကြား ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခကြော
င့် လူရာဂဏန်းခန့် စုဝေးရောက်ရှိလာကာ မြို့ပေါ်ရှိ ဈေးဆိုင်အချို့လည်း တစ်နာရီခန့် ပိတ်ထားခဲ့ရသည်ဟု ဒေသခံများက
သြဂုတ် ၂၆ တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါဖြစ်ရပ်မှာ သြဂုတ်၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး
ပန်းတနော်မြို့ အနောက်ရပ်ကွက်တွင် မွတ်စလင်နှင့် မြန်မာလူမျိုးများ နေထိုင်သော ဘေးချင်းကပ် နေအိမ်နှစ်အိမ်မှ သီချင်း
အပြန်အလှန်ဖွင့်ရာက စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် အခြားသူများပါ စုဝေးရောက်ရှိလာခဲ့ရာမှ ဆူပူ
မှုအသွင် သဏ္ဍာန်မျိုးဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပန်းတနော် တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်းက “မြန်မာ လူမျိုးတစ်ဦးရဲ့
နေအိမ်နဲ့ မွတ်စလင်ဘာသာဝင်တစ်ဦးရဲ့ နေအိမ်ကနေ သီချင်း အပြန်အလှန် ဖွင့်ရင်းက စကားများ ပြီး ဆူဆူပူပူ ဖြစ်ခဲ့တာပါ
။ဘာမှတော့ထိခိုက်တာတွေ၊အနာတရဖြစ်တာတွေ မရှိပါဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ ကလည်း ၀ိုင်းတားကြတဲ့အတွက် ငြိမ်သွားပါတယ်” ဟု ပြောသည်။
ပဋိပက္ခဖြစ်ပွားချိန်သည် နံနက် ၉ နာရီခန့်တွင်ဖြစ်ပြီး တစ်နာရီခန့် ဆူပူမှုများဖြစ်ခဲ့ရာ မွတ်စလင်နှင့် မြန်မာ ဈေးဆိုင်များ ပိတ်သိမ်းထားရကြောင်းလည်း ဒေသခံများက ဆိုသည်။

From : Mizzima


SHARE THIS
Previous Post
Next Post