Tuesday, August 27, 2013
Android OS သုံး မိုဘိုင်းဖုန်းများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပလေယာဉ် လက်မှတ်များကို စာတိုပို့ စနစ် (SMS) ဖြင့် ၀ယ်ယူ
နိုင်သည့် အက်ပလီကေးရှင်းကို နောက်ပိုင်းအခြား OS များဖြစ်သည့် iOS နှင့် Window OS သုံး မိုဘိုင်းဖုန်း များတွင်လည်း
အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း အဆိုပါအက်ပလီကေး ရှင်းဖြင့် လေယာဉ်လက်မှတ်ရောင်းပေးသည့် Columbus Travel&Tour မှ သိရသည်။
အဆိုပါအက်ပလီကေးရှင်းတွင် မြန်မာပြည်မှထွက်မည့် လေ
ယာဉ်ခရီးစဉ်အချိန်များကို ဖော်ပြပေးထားမည်ဖြစ်ပြီး ယင်းအ
က်ပလီကေးရှင်းမှပင် လေယာဉ်လက်မှတ်ကို SMS ပို့၍ မှာယူနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင်အခြား OS များ၌လည်း အ
သုံးပြုနိုင်မည့် ယင်းအက်ပလီကေးရှင်းကို ဒေါင်းလော့ရယူ လိုသူများအနေဖြင့် Google play တွင် Myanmar Flight ဟု ရို
က်ထည့်လိုက်လျှင် ရွက်လှေပုံဖြင့် Columbus တံဆိပ်ပါသည့်လင့်ခ်ကို ဒေါင်းလော့ ယူနိုင်မည် ဖြစ်သည်။
Android OS ဖုန်းများဖြင့် လေယာဉ်လက်မှတ်ဝယ်ယူနိုင်ခြင်း
ကို သြဂုတ် ၁ ရက်က စတင်ဝယ်ယူနိုင်ခြင်း ဖြစ်သည်။
Columbus Travel & Tour မှ ဈေးကွက်မန်နေဂျာ ကိုလှမျိုးက
“Android ဖုန်းတွေမှာပဲ အသုံးပြုလို့ရ ဦးမှာပါ။ နောက်ပိုင်းiOS နဲ့ တခြား platform တွေဖြစ်တဲ့ Windows Phone တွေ
မှာလည်း အသုံးပြုလို့ရ အောင် ပြုလုပ်ဖို့ စီစဉ်နေပါတယ်။Application ကို အခမဲ့အသုံးပြုနိုင်ပါတယ်”ဟုဆိုသည်။
လေယာဉ် လက်မှတ်ကို ဖုန်းမှတစ်ဆင့် SMS စနစ်ဖြင့် မှာယူလိုသူများသည် Application တွင်လေကြောင်းခရီးစဉ်နေ့ရက်အချိန်စာရင်းများကြည့်ရှုကာ ကြိုတင် မှာယူရမည်ဖြစ်ပြီး ငွေပေးချေလိုပါကရုံးသို့သွားရောက်ရမည်
ဖြစ်သည်။
Application တွင် လေကြောင်းလိုင်းများ၏ ရုံးခန်းနေရာများ၊ရန်ကုန်မြို့မှ ပြေးဆွဲနေသည့် ပြည်တွင်း လေကြောင်း လိုင်းများ၏ ရုံးဖုန်းနံပါတ်၊ လေဆိပ်ဖုန်းနံပါတ်များ ပါဝင်မည့်အပြင်Columbus Travel & Tour ၏၀န်ဆောင်မှုများကိုလည်းတင်ပေးမည်
ဖြစ်သည်။
ကိုလှမျိုးက “ကျွန်တော်တို့ရဲ့ SMS ထဲကို လက်မှတ်မှာထားတဲ့အကြောင်းအရာတွေအားလုံး ၀င်ရောက် လာရင် ဘယ်သွားချင်တာလဲ၊ ဈေးနှုန်းကတော့ ဒီလောက်ရှိတယ်ဆိုပြီး
Follow up ပြန်လိုက်ပြီးတော့ SMS ပြန်ပို့ပေးမှာပါ” ဟု ပြောသည်။
From : မဇ္ဈိမ