မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်


Wednesday, August 28, 2013
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်
ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီး
တန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၂၃ ဦးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် ယခင် တရားလိုပြ သက်သေများ စစ်ဆေးစဉ် အချုပ်သား
များ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်၂၀ ခန့်
ကိုသာ အသုံးပြုခဲ့ရာမှ သြဂုတ်လ၂၇ ရက်နေ့က အမှု၏ အရေးကြီး အဆင့်ဖြစ်သော နှစ်ဖက် လျှောက်လဲချက် တင်သည့် အခြေအနေတွင် ရဲတပ်ဖွဲ့ဝင်
၃၀ ဦးအပြင် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်တိုး ချထားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် အဆိုပါ တရားရုံး နှစ်ဖက် လျှောက်လဲချက် တင်ရန် ချိန်းဆိုခဲ့သော်လည်း နှစ်ဖက်စလုံးတွင် အဆင်သင့် မဖြစ်သောကြောင့်
သြဂုတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲ ချိန်းဆိုခဲ့
ရာ ယင်းနေ့တွင် တရားခွင်၌ နှစ်ဖက် လျှော
က်လဲချက် တင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွဲချက် အမိန့်ချရန် ချိန်းဆိုခဲ့ကြောင်း အဆိုပ
ါ တရားရုံးထံမှ သိရှိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ(၆) လမ်းထိပ်ရှိ စားသောက်ဆိုင်တွင် နံပါတ်ပြားကို ဖျက်ထားသည့် လိုက်ထရပ်ကားဖြင့် လူခြောက်ဦးခန့် ရောက်ရှိလာပြီး ဆိုင်တွင်းသို့ သုံးဦး ဝင်ရောက်ကာ ဦးကျော်မင်းကို ဓားဖြင့် ဝိုင်းခုတ်သဖြင့် အပြင်သို့ ထွက်ပြေးစဉ် ဆိုင် ပြင်ပတွင် အသင့် စောင့်နေသည့် လူ တစ်စုက ဓားဖြင့် ထပ်မံ ထိုးခုတ်ခဲ့ကြသဖြင့် သေဆုံးခဲ့သည်။

ယင်းအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင်
စတင်၍ ရုံးတင် စစ်ဆေးခဲ့သော် လည်း တရားပြိုင်များမှ တရားလိုပြ သက်သေများက ထွက်ချက်ပေးစဉ် တရားစွဲဆိုခံရသူများက ကိုယ်ထိလက်ရောက်ကျူးလွန်ရန် ကြိုးစားမှု များကြောင့် ၂၀၁၂
ခုနှစ် အကုန်တွင် လုံခြုံရေးအရ အင်းစိန် အကျဉ်းထောင် အနီးရှိ မြောက်ပိုင်းခရိုင် တရားရုံးသိုပြောင်းရွှေ့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post