မကြာသေးမီက အိမ်ထောင်ရှင်မ ဘ၀သို့ ရောက်ရှိသွားခဲ့ပြီးနောက် “တကယ်ဆိုရင် အချစ်ပဲလိုတယ်။ အရမ်းချစ်တယ်အရမ်းမုန်းတယ်” တေးစီးရီးခွေဖြင့်ပရိသတ်အားပေးလက်ခံမှုများစွာကိုရရှိပိုင်ဆိုင်ထားသည့် အဆိုတော်
ချမ်းချမ်းက ၂၀၁၄-၂၀၁၅ နှစ်တွင် အနုပညာလုပ်ငန်းများကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချမ်းချမ်းက “၂၀၁၄-၂၀၁၅ ရောက်ရင် အနုပညာအလုပ်တွေ မလုပ်တော့ဘဲ အစ်မ၀ါသနာပါတဲ့ စားသောက်ဆိုင်ဒါမှမဟုတ် စတူဒီယိုတစ်ခုဖွင့်ဖို့ စဉ်းစားထားတယ်။
အစ်မ အသက်အရွယ် အချိန်အခါ
နဲ့ အစ်မလုပ်နိုင်မယ့်
အနေအထားနှစ်တစ်ခုအဖြစ်၂၀၁၄-၂၀၁၅ ကို သတ်မှတ်ထားတယ်။
နောက်တက်လာမယ့် မျိုးဆက်သစ်
တွေကိုလည်း ဦးစားပေးရမယ်လို့ ထင်တဲ့အတွက်ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အခြေကျအောင် လုပ်ပြီး
အနုပညာ အလုပ်ကိုတော့ မလုပ်တော့ပါဘူး” ဟု ပြောကြားသည်။
ထို့ပြင် အဆိုတော် အဆိုတော် ချမ်းချမ်းက သူ၏ တတိယစီးရီးခွေကို ယခုနှစ် ၁၀ လပိုင်းတွင်း ထွက်ရှိနိုင်ရန်စီစဉ်နေကြောင်း တတိယမြောက်စီးရီးခွေတွင် သီချင်း ၁၄ ပုဒ် ပါဝင်ပြီး အဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ ဂျီလတ်တို့က တွဲဖက်သီဆို
ထားသည်။ ချမ်းချမ်း၏ တတိယမြောက် စီးရီးခွေကို Audio CD အနေဖြင့် ထွက်ရှိသွားမည်။
ဖြစ်ကြောင်း တတိယမြောက် စီးရီးခွေသစ်၏အမည်ကို သူမက “မိန်းကလေးမဆန်ဘဲနဲ့ အနုပညာဘက်ပေါက်တဲ့နာမည်တစ်ခုပေးဖို့ စီစဉ်ထားပါတယ်”ဟုထပ်မံပြောကြားခဲ့သည်။
ပြည်မြန်မာသတင်းစာ
