ပြည်ဝင်ခွင့်နှင့်နိုင်ငံကူးလက်မှတ်မပါရှိသော တရုတ်နိုင်ငံသားများတွေ့ရှိ

နေပြည်တော်၊ သြဂုတ် ၆

၅-၈-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းတုံ-မိုင်းဆတ်ကားလမ်း၊ ကာန မြို့ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်များအားစစ်ဆေးနေစဉ် မိုင်းတုံမှမိုင်းဆတ်သို့ မိုင်းတုံမြို့နယ်၊ နာကောင်းမူရွာနေ လောက်ကျုံး(၃၅)နှစ်မောင်းနှင်လာသည့် ၄ဂ/xxxx ယာဉ်အား ရပ်တန့်စစ်ဆေး ခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် ပြည်ဝင်ခွင့်နှင့် နိုင်ငံကူးလက်မှတ်မပါရှိသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လီကျန်းမြို့နေ ၀မ်ရီပု(၃၆)နှစ်ပါ တရုတ်နိုင်ငံသား ၃ ဦးအား တွေ့ရှိခဲ့ရသည်။ စစ်ဆေးချက်အရ အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးမှာ နားကောင်းမူကျေးရွာနေ ဦးစံကျင်း၏ ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး နားကောင်းမူမှတာချီလိတ်မြို့သို့ ဆေးကုသရန် ထွက်ခွာ လာခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လောက်ကျုံး ပါ(၄)ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးအရာရှိ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post