SEA Games Theme Song အဖြစ် ရွေးချယ်ခံရသော သီချင်းကို ယခုလလယ်တွင်ကြေညာမည်ဖြစ်ပြီး ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်

Tuesday, August 06, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အသုံးပြုမည့် Theme Song ကို ယခုလလယ်တွင် ကြေညာမည်ဖြစ်ကာ ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း Theme Song ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ၂-၈-၂၀၁၃ ရက်တွင်ပြောကြားသည်။

Theme Song အတွက် နောက်ဆုံးအဆင့် သီချင်း ၁၀ ပုဒ်ကို ရွေးချယ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးမျာသို့ ဆန္ဒမဲခံယူရွေးချယ်ရန် ပေးပို့ထားရာ ယခုလ ၁၁ ရက်ကို နောက်ဆုံးမဲပေးရန် သတ်မှတ်ထားကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ မဲပုံးများရန်ကုန်သို့ ရောက်ရှိချိန်တွင် မဲပုံးများဖွင့်ဖောက်ပြီး ရေတွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“Theme Song အတွက် နောက်ဆုံး မဲပေးရက်က ၁၁ ရက်နေ့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ တချို့မဲပြည့်သွားတဲ့ ဒေသက မဲပုံးတွေကတော့ ရန်ကုန်ကို ရောက်နေပြီ။ ကျန်တဲ့ မဲပုံးတွေအားလုံးရောက်ရင် အန်တီတို့ ကော်မရှင်အဖွဲ့ ၁၃ ဦးရှေ့မှာပဲ တစ်ခါတည်း ရေတွက်မယ်။ ဆုရ Theme Song ကို ဒီလလယ်လောက်မှာ ကြေညာနိုင်မှာပါ” ဟု ယင်းကပြောသည်။

Theme Song ရွေးချယ်ရာတွင် ပြည်သူလူထုမှ မဲပေးရွေးချယ်ခြင်းဖြစ်ပြီး တစ်တိုင်းပြည်လုံသို့ တေးသီးချင်းခွေ နှစ်သောင်းကို ဖြန့်ဝေထားကြောင်း၊ Theme Song အဖြစ် ရွေးချယ်ခံရလျင် ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့် မည်ဖြစ်ပြီး နှစ်သိမ့်ဆု လေးဆုကိုလည်း ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post