Monday, August 26, 2013
ပျဉ်းမနားမြို့နယ်အတွင်းရှိ လိုင်စင်ရအနှေး
ယာဉ်ဆိုက်ကားနှင့်မြင်းလှည်းမောင်းသူတို့အား တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းကတ် များကို ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာဆိုက်ကားဂိတ်နှင့် မြင်းလှည်းဂိတ်၊မြို့နယ်စည်ပင်သာယာရေးရုံးများတွင် မဲစနစ်နှင့်ချထားပေး
ရာ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်နှင့်
တာဝန်ရှိသူများက လိုက်လံကြည့် ရှုအားပေးကြသည်။
ပျဉ်းမနားမြို့ရှိ အနှေးယာဉ် ဆိုက်ကားနင်းလုပ်သားများအတွက် တန်ဖိုးနည်း ဃီဗြ ၆၅ ကတ်နှင့်ြွှ ၁ဝ ကတ်ချထားပေးရာ ပထမအကြိမ်ချထားပေးသော ဖုန်းဆင်းကတ် ၂ဝ နှင့် စုစုပေါင်း
၉၅ ကတ် ချထားပေးပြီးကြောင်း သိရသည်။
ထို့အတူ မြင်းလှည်းမောင်းလုပ်သား များကိုလည်းတန်ဖိုးနည်ွးှယြ ဃီဗြ ဖုန်းဆင်းကတ် ၂ဝ ကို ချထား ပေးသည်။
ဖုန်းဆင်းကတ် မဲပေါက်သော ပျဉ်းမနားမြို့နယ် သပြေစန်းကျေးရွာ မြင်းလှည်းဆရာ ဦးသိန်းမြင့်က ''ဒီလိုမျှမျှတတနဲ့ မဲနှိုက်ရပြီး မဲပေါက်တဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့
လို လူတန်းစားတွေအထိ ဖုန်းကိုင် နိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ လူကြီးအားလုံးကို ကျေးဇူးတင်ပါတယ်။
ခုမဲမပေါက်သေးတဲ့သူတွေလည်း နောင်အပတ်တွေမှာ ကျိန်းသေရကြမှာပါ'' ဟု ပြောသွားသည်။
အလားတူ လယ်ဝေးမြို့နှင့် တပ်ကုန်းမြို့ရှိ လိုင်စင်ရအနှေးယာဉ် ဆိုက် ကားနှင့် မြင်းလှည်းမောင်းသူတို့ကိုလည်း ယနေ့နံနက် ၉ နာရီက သက်ဆိုင်
ရာ ဆိုက်ကားဂိတ်၊ မင်းလှည်းဂိတ်များတွင် တန်ဖိုးနည်းဖုန်းဆင်းကတ်များ ချထား ပေးကြောင်း သိရသည်။
မောင်သန်းဦး
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
