အဆင့်မြင့်စွာ နေထိုင်နိုင်မည့် တန်ဖိုးမျှတ အိမ်ရာ ဆောက်လုပ်မည်


ရန်ကုန် ၊ ၂၆-၈-၂၀၁၃
ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှလူနေထိုင်မှုသည်လည်းအဆင့်မြင့်မား လာလျက်ရှိသည်။ ထိုသို့ အဆင့်မြင့်မား စွာ နေထိုင် နိုင်ရေးအတွက် သက်သာသော နှုန်းထားဖြင့် ရရှိနိုင်ကာ အိမ်ရာ တိုက်တာများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ပြည်တွင်း ကုမ္ပ
ဏီ လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ တန်ဖိုးမျှ
တ အိမ်ရာများကို အကောင် အထည်ဖော် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ကို ဒဂုံမြို့သစ် ( မြောက်ပိုင်း ) မြို့နယ် ၊ ဗိုလ်မှူး ဗထူးလမ်း နှင့် ဗိုလ်မင်းရောင်လမ်း တို့၌ ဆောင်ရွက်လျက် ရှိပြီး ဗိုလ်မှူး ဗထူး တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း အား ရန်ကုန်မြို့တော် စည်ပင် သာယာရေး
ကော်မတီ နှင့် Myanmar V-Pile Co., Ltd တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်၍ မြေဧကအကျယ်အ၀န်း ၅ ဒသမ ၂၆ တွင် U-600 ၄ ခန်းတဲရှစ်ထပ်တိုက် ၁၀ လုံး နှင့် U-900 ၄ ခန်းတွဲ ရှစ်ထပ်တိုက် ၄ လုံးတို့အား Pre-cast Load Bearing
Wall System ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။
အခန်း အကျယ်အ၀န်း များအဖြစ် ၆၁၄ စတုရန်းပေ ရှိ အိမ်ခန်း ၃၀၀ ၊ ၅၆၅ စတုရန်းပေရှိအိမ်ခန်း ၂၀ ၊ ၉၀၀ စတုရန်းပေရှိ အိမ်ခန်းပေါင်း ၁၂၈ ခန်းတို့ဖြင့် ဖွဲ့စည်း တည်ဆောက်
မည် ဖြစ်သည်။

တိုက်တိုင်းအား ဓာတ်လှေကားများ ၊ မော်တော်ယာဉ် အစီး ၃၅၀ ခန့် ရပ်နားရန် နေရာ ၊ လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရန် ဓာတ်အားခွဲရုံ ၊ အိမ်ရာဝင်း အတွင်း ကောင်းမွန်သော လမ်းနှင့် ကလေး ကစားကွင်းများ ထည့်သွင်း ဆောက်လုပ် ထားရှိမည် ဖြစ်ကြောင်း သိရှိရ
သည်။

မြန်မာသားကောင်း

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post