ကမ္ဘာလှည့် ခရီးသည်များကို ခြိမ်းခြောက် ငွေညှစ်သည့် ထိုင်း ရဲတပ်ဖွဲ့ဝင်များကို တရားရုံး ဖမ်းမိန့်ထုတ်


သြဂုတ်လ ၂၆ ရက် ၂၀၁၃
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များကို မတရား ခြိမ်းခြောက် ငွေညှစ်ခဲ့သည့် မြို့တော် ဘန်ကောက်မှ ရဲ တပ်ဖွဲ့ဝင် များကို ထိုင်း ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ဖမ်းဆီးရန် အမိန့် ထုတ်လိုက်ကြောင်း အာဏာ
ပိုင်များ၏ ပြောကြားချက်ကို The Nation သတင်းစာက ကိုးကား ရေးသားသည်။
ဘန်ကောက်မြို့တော်သို့ရောက်ရှိလာသော အီတလီလူမျိုး ကမ္ဘာလှည့် ခရီးသည် နှစ်ဦးအား မဟုတ်မမှန်သော စွပ်စွဲချက်များ ပြုလုပ်ကာ ခေါ်ယူ ထိန်းသိမ်းပြီး အမေရိကန် ဒေါ်လာ ၆၂၆၂၈ (ဘတ်ငွေ ၂ သန်းခန့်) ငွေညှစ် ခဲ့သည့် ထိုင်းရဲတပ်ဖ
ွဲဝင် နှစ်ဦးကို ရာထူးမှ ရပ်စဲကာ တရားရေး
အာဏာပိုင် များက ဖမ်းဆီးမိန့်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ မသမာမှု
ပြုလုပ်သည်ဟူသော ကိစ္စမှာ ထိုင်းလူမျိုးများနှင့်ယင်းနိုင်ငံတွင် အခြေချ နေထိုင်သော နိုင်ငံခြားသားများ အတွက် ထူးခြားသော သတင်း မဟုတ်သော်လည်း ယခု ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၏ ခရီးသွား အခန်းကဏ္ဍအပေါ် များစွာ ထိခိုက် နစ်
နာစေနိုင်ကြောင်း The Nation သတင်းစာကခရီးသွားလုပ်ငန်း အရာရှိ များ၏ သုံးသပ် ပြောကြားချက်ကို ဖော်ပြသည်။

ထိုသို့ ဘန်ကောက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏ ခြိမ်းခြောက် ငွေညှစ် ခံခဲ့ရသော အီတလီလူမျိုး ကမ္ဘာလှည့် ခရီးသည်များက နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) ကို တိုင်ကြားခဲ့သောကြောင့် ထိုင်းရဲတပ်
ဖွဲ့ အာဏာပိုင်များက လျင်မြန်စွာ အရေးယူ
ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ခြိမ်းခြောက် ငွေညှစ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်
နှစ်ဦးမှာ ယခုအခါ ထွက်ပြေးတိမ်းရှောင်လျ
က်ရှိသော်လည်း မသမာမှု ပြုလုပ်ရာတွင် ပါဝင် ကူညီခဲ့သည့် ဥဇဘက်ကစ္စတန် လူမျိုးနှင့် အခြား ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီး ထားပြီ ဖြစ်သည်ဟု ထိုင်း ရဲအာဏာပိုင်များက ပြောကြားသည်။

ထိုသို့ အင်တာပို၏ သတင်း ပေးပို့မှုကြောင့် အီတလီလူမျိုး နှစ်ဦး ငွေညှစ် ခံရမှု ပေါ်ပေါက်ခဲ့ခြင်းသည် ထိုင်းရဲတပ်ဖွဲ့ တစ်ခုလုံးအတွက် ကမ္ဘာလုံး အတိုင်းအတာဖြင့် အရှက်ရစေကြောင်း
ဘန်ကောက် ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှ တာဝန်ရှိသူများက ပြောကြားသည်။
ထိုသို့ ကမ္ဘာလှည့် ခရီးသည်ထံမှ ခြိမ်းခြောက် ငွေညှစ်ခဲ့သည့် ထိုင်း ရဲတပ်ဖွဲ့ဝင်များကို လက်နက်ကိုင် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတို့ဖြ
င့် တရားစွဲဆိုရန် စီစဉ်ထားသည်။

ယင်းအီတလီ ခရီးသွား နှစ်ဦးသည် ပြီးခဲ့သည့် တနင်္လာနေ့ ညက ၎င်းတို့ တည်းခိုသည့် ဟိုတယ် အနီးရှိ
ATM စက် (အလိုအလျောက် ငွေထုတ်စက်) တွင် ငွေထုတ်နေစဉ် ရဲတပ်ဖွဲ့ဝင် လေးဦး ရောက်ရှိလာ
ကာ မတရား စွပ်စွဲ ဖမ်းဆီး ခံခဲ့ရကြောင်း
၊ ထို့နောက် ဘတ်ငွေ ၂ သန်း ပေးမည် ဆိုပါကလွှတ်ပေးမည်ဟု ခြိမ်းခြောက် ငွေညှစ်ခဲ့ကြောင်း အင်တာပိုနှင့် ထိုင်း ရဲ အာဏာပိုင်များ အဆိုအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ဝင်ရောက် လည်ပတ်ခဲ့သော ကမ္ဘာလှည့် ခရီးသည်၂၁ သန်းခန့် ရှိကြောင်း အစိုးရက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

voice weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post