်
Monday, August 26, 2013
ရန်ကုန်မြို့တော် သိမ်ဖြူ အားကစားခန်းမ၌
စက်တင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် မျိုးဆက်သစ် လူငယ်များ၏ သုံးချီ ကြားပွဲများ ပါဝင်မည် ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ အသင်းမှ
ပွဲစီစဉ်သူ ဦးအောင်နိုင်မိုးက ပြောကြားသည။်
မျိုးဆက်သစ် လူငယ်များ၏ သုံးချီ ကြားပွဲများကိုမြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မထိုးသတ်မီ အချိန် တစ်နာရီကြာ ထည့်သွင်းထားသည်ဟု ၎င်းက
ဆိုသည်။
မြန်မာ့ရိုးရာ လက်ဝှေ့အသင်းက ဒုတိယ ခြေလှမ်းအဖြစ် ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို တွဲဆိုင်း ရှစ်ဆိုင်း ကျင်းပမည်ဖြစ်ရာ သုံးချီ အထူးစိန်ခေါ်ပွဲ နှစ်ပွဲ၊ လေးချီပွဲ နှစ်ပွဲနှင့် ငါးချီပွဲ လေးပွဲ ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူက ဆက်လက် ပြောကြားသည်။
သိမ်ဖြူ အားကစားရုံတွင် ကျင်းပမည့် ပွဲစဉ်တိုင်းတွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် အဆက်မပြတ် ထည့်သွင်းကျင်းပမည်ဖြစ်ရာ ရိုးရာလက်ဝှေ့ ဝါသနာရှင်
ပရိသတ်များနှင့် လက်ဝှေ့သမားများ ရင်းနှီးမရရန် စီစဉ်ထားပြီး ယှဉ်ပြိုင် ထိုးသတ်မည့် တွဲဆိုင်းများကို ဝါရင့် ကြိုးဝိုင်း ဒိုင်လူကြီး ဦးဒေါင်းနီနှင့် ဒိုင်အဖွဲ့က တာဝန်ယူ မည် ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့အသင်း အဖွဲ့
ဝင် တစ်ဦးက ဆိုသည်။
သိမ်ဖြူ အားကစားရုံ၌ မွန်းလွဲ ၂ နာရီတွင်
ကျင်းပမည့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ စိန်ခေပွဲအတွက် လက်မှတ်များကို ကျပ် သုံးထောင်၊ ကျပ် လေးထောင်နှင့် ကျပ် ငါးထောင်တန်ဟု သုံးမျိုး သတ်
မှတ် ထားသည်။
မြန်မာ့ရိုးရာ လက်ဝှေ့အသင်းသည် ပထမဆုံး ပွဲဦးထွက်အဖြစ် ဇူလိုင် ၂၁ နှင့် ၂၂ ရက်တို့တွင်တွံတေး မြို့ရှိ အောင်ဆန်း သူရိယ အေးချို ခန်းမ တွင် ဒေသခံ လက်ဝှေ့သမားများဖြင့် ကျင်းပခဲ့သည်။
The Voice Weekly
