အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ ပါ ကုန်ကား ၁၁ စီး ဖမ်းမိ

ရန်ကုန်- ဓာတ်မြေသြဇာနှင့်ရောနှောတင်ဆောင်လာသောကန့်သတ်ထားသည့်ဓာတုပစ္စည်းများဖြစ်သော အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား သယ်ဆောင်လာသည့် ကုန်ကား ၁၁ စီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဓာတ်မြေသြဇာနှင့် ရောနှောတင်လာသော အဆိုပါ ၁၂ ဘီး ကုန်တင်ကား ၁၁ စီးအား မူဆယ်-လားရှိုး ပြည်ထောင်စုလမ်း
မကြီးပေါ်ရှိ သုန်ခမ်း ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နေ့လယ်က ဖမ်းဆီးရမိသဖြင့် ယာဉ်မောင်း ၁၁ ဦးကို မူဆယ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အဆိုပါ အမိုးနီးယားနိုက်ထရိတ် တန် ၃၀၀ အား စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
“ကား ၁၁ စီးနဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးစစ်ဆေးတာတော့ အတည်ပြုနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လို့ မရသေးပါဘူး”ဟု မူဆယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ(၈)ဖြင့် မူဆယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ဆေးနေသည်။ အမိုးနီးယား နိုက်ထ
ရိတ်သည် ပေါက်ကွဲအား ပြင်းထန်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဓာတ်မြေသြဇာများတွင်လည်း ထည့်သွင်းအသုံးပြုပြီး အမိုးနီးယား ပမာဏများသော ဓာတ်မြေသြဇာများကို အသုံးပြုလာသောကြောင့် နိုင်ငံအစိုးရများက သုံးစွဲခွင့်ထိန်းချုပ်ထားသောဓာတုပစ္စည်း
ဖြစ်သည်။

7 Days News


SHARE THIS
Previous Post
Next Post