လက်မထပ်နိုင်ကြောင်းငြင်းသောအမျိုးသမီး၏ ရင်အုံကို ရည်းစားဟောင်းက ဓားဖြင့်ထိုး

Monday, August 26, 2013
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး၏ ဝဲဘက်ရင်အုံကို ရည်းစားဟောင်းဖြစ်သူက ဓားဖြင့်ထိုးခဲ့သော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်းတိုင်းဒေသကြီး မှုခင်းမှတ်တန်းများအရ သိရသည်။

ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား တစ်ရပ်ကွက်ထဲနေသူ ယခင်ရည်းစားဟောင်း ဖြစ်ခဲ့ဘူးသူက အရေးကြီးစကား ပြောစရာရှိ၍ ၎င်းအိမ်သို့လိုက်ခဲ့ရန်ခေါ်ပြီးနောက် ပတ္တမြားလမ်းနှင့် မီးရထား လမ်းကြားတွင် စ
ကားပြောစဉ် လက်ထပ်ရန်ပြောသဖြင့် အဆိုပါအမျိုးသမီးက ငြင်းလိုက်ရာ ရည်းစားဟောင်းဖြစ်သူက ဝဲဖက်ရင်အုံအောက်သို့စာရ
ွက်ဖြတ်သော အဆစ်ဓားဖြင့် ထိုးလိုက်ရာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် တင်ထားရကြောင်း ဆက်
လက်သိရသည်။

ယင်းအမှုအား ကမာရွတ်မြို့မ ရဲစခန်းမှ (ပ)၃၇၉/၁၃၊ ပြစ်မှုပုဒ်မ-၃၂၆ဖြင့် ယနေ့ နံနက် (၀၀း၃၀)အချိန်တွ
င် အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ် ဟန်ထွန်းအောင်မှ တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်


SHARE THIS
Previous Post
Next Post