ထိုင်းအခြေစိုက် Siam Cement မှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၈ သန်းတန် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်

ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (ဆင်တံဆိပ် ဘိလပ်မြေ) မှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၈ သန်းတန် ဘိလပ်မြေစက်ရုံ တည်ဆောက်မည် ဖြစ်ကြောင်း The Economic Times သတင်းစာ ဖော်ပြချက်အရ သိရသည်။

SiamCementအုပ်စုသည်အရှေ့တောင်အာရှ နိုင်ငံများမှ ဘိလပ်မြေ ၀ယ်လိုအား မြင့်တက် လာမှုကြောင့် လုပ်ငန်းတိုးချဲ့မှု အစိတ်အပိုင်း တစ်ရပ်အနေနှင့် မြန်မာနိုင်ငံတွင် ထို
င်းဘတ်ငွေ ၁၂ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ ဘိလပ်မြေ စက်ရုံကို တည်ဆောက်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ စက်ရုံကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ် နိုင်မည်ဟု မျှော်မှန်းထားပြီး မြန်မာနိုင်ငံအတွင်း Siam Cement ၏ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းဖြစ်သည်။ ယင်းစက်ရုံသည် တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Siam Cement အုပ်စုသည် အရှေ့တောင် အာရှနိုင်ငံများအတွင်း ဒုတိယအကြီးဆုံး
ဘိလပ်မြေ ထုတ်လုပ်သူဖြစ်ပြီး မြန်မာနိုင်ငံ ကဲ့သို့ပင် ဈေးကွက်ဝယ်အား မြင့်မားနေသည့် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ဘိလပ်မြေ ထုတ်လုပ် ရောင်းချနိုင်ရန်စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဘိလပ်မြေ ၀ယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း
မြင့်တက်နေမည်ဟု Siam Cement ကခန့်မှန်းထားသည်။ ထို့အတူ ဘိလပ်မြေ တန်လေးသန်းခန့် ဖြုန်းအားရှိသော မြန်မာဈေးကွက်တွင် ဈေးကွက်ဝေစု ရာခိုင်နှုန်း
၄၀ ခန့် ရရှိရန် ၎င်းက မျှော်မှန်းထားသည်။
Siam Cement အုပ်စုသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေ လုပ်ငန်းဖြစ်ပြီး လုပ်ငန်း
အစုရှယ်ယာ ရာခိုင်နှုန်း ၃၀ ကို ထိုင်းတော်ဝင် မိသားစုက ပိုင်ဆိုင်သည်။ ယခု သတင်းထွက်ပေါ်ချိန်တွင် Siam Cement ၏ အစုရှယ်ယာ တစ်စုလျှင် ၄၁၄ ဘတ် ပေါက်ဈေးရှိပြီး ၀ ဒသမ၈၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

မြန်မာဈေးကွက်သို့ ယခင်ကတည်းက ဘိလပ်မြေတန်ချိန် သိန်းချီတင်သွင်းခဲ့သော Siam Cement သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ရန် အတွက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လကတည်းက ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းချိန်ကို စောင့်ဆိုင်း နေရသောကြောင့် နှောင့်နှေး နေခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ ၂၅ရုံခန့် တည်ထောင်ရန် ခွင့်ပြုထားပြီး ဖြစ်သော်လည်း အရင်းအနှီးနှင့် နည်းပညာ အခက်အခဲကြောင့် နယ်ပယ် ကုမ္ပဏီကြီး အချို့သာ စက်ရုံတည်ဆောက် နိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် တစ်
နှစ်အတွင်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘိလပ်မြေစက်ရုံ ငါးရုံခန့် တည်ဆေ
ာက်ခွင့် ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဘိလပ်မြေ စက်ရုံတည်ဆောက် ရောင်းချခွင့်ရရန် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ကြိုးပမ်းလျက်ရှိပြီး ထိုင်းမှ Siam Cement၊ အိန္ဒိယမှ RamcoCement၊ အင်ဒိုနီးရှားမှ Sement Indonesia တို့သည် စက်ရုံတည်ဆောက်ရန်
ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။

Eleven


SHARE THIS
Previous Post
Next Post