Jennifer Lopez ရဲ့ Pool House တွင် သူစိမ်းတစ်ယောက်ဖမ်းမိ

J.Lo က သူမPool Houseမှထွက်ခွာရာ
တံခါးပိတ်ဖို့ မေ့သွားခဲ့ပြီးသူစိမ်းတစ်ယောက်
ဝင်ခဲ့ပါတယ်။ ဒီသူစိမ်းက J.Lo ရဲ့
ဒေါ်လာ၁၀သန်းနှင့်ပေးဝယ်ထားတဲ့ခြံကြီးထဲမှာရှိနေတာတစ်ပတ်လောက်ရှိနေပါပြီ။Pool House ထဲမှာ ရေကူးကန်၊ ရေချိုးကန်၊ ရေနွေးစိမ်ကန်၊ ချွေးပေါင်းခန်း၊Theatre ခမ်းမတို့ ရှိပါတယ်။

ထိုအချိန်က Jennifer Lopez မှာလည်းတခြားနိုင်ငံတွေရောက်နေတော့ သူမနှင့်မတွေ့ လိုက်ရပါဘူး။ J.Lo ရဲ့ အိမ်စောင့် Security များမှာလည်း PoolHouse မှာဆိုတော့မသိလိုက်မိပါဘူး။ သူရဲ့နာမည်က John Dubis လို့ ခေါ်ပြီးသူက J.Lo ကိုရူးသွပ်နေတဲ့သူတစ်ယောက်ပါ။ အသက်က ၄၉နှစ်ရှိနေပါပြီ။J.Loကနှောက်ယှက်ခြင်းနဲJohnကိုတစ်ခေါက်တရားစွဲခဲ့ဖူးပါတယ်။ J.Lo ရဲ့အသိတစ်ယောက်ပြောပုံအရတော့ J.Lo အဲ့လူကိုခြံထဲမှာဖမ်းမိတယ်ဆိုတဲ့သတင်းကြားတော့တော်တော်လန့်သွားတယ်လို့သတင်းရထား
ပါတယ်။ Dubis မှာ J.Lo ၏ Pool House မှာနေပြီးဓါတ်ပုံတွေရိုက်ပြီးအင်တာနက်ပေါ်တင်သူပိုင်တဲ့နေရာဆိုပြီးလည်းရေးသားထားပါတယ်။ရုပ်ရှင်ကြည့်သည့်အခန်းမှဆိုဖာခုံကြီးမှာပေါ်အိပ်တယ်လို့ လည်းသိရပါတယ်။ ထို့ အပြင်သူက J-Lo ရဲ့ Pool House စောင့်Security တစ်ယောက်ပုံစံအဖြစ်နေပြီးသန့်ရှင်းရေးများ
လည်းလုပ်ခဲ့ပါတယ်။JLoရဲ့အိမ်နီးနားချင်းများမှာလည်း Dubis ကို Security မှတ်လို့ ဘာမျှ
မပြောခဲ့တာပါ။ ဒါပေမယ့်ထိုလူကို Securityအသင်းအဖွဲ့ မှတစ်ယောက်က J.Lo ရဲ့ Porch ကားအနောက်မှာပုန်းနေတာတွေလို့ ဖမ်းမိပါတယ်။

Dubis ကို ဖမ်းမိတဲ့အချိန်မှာတော့ သူက J.Lo ရဲ့ခင်ပွန်းဟောင်းပါ။ ရဲတွေလာတော့ J.Lo ရဲ့ကလေးတွေကသူရဲ့ကလေးတွေပါလို့ပြောခဲပါတယ်။J.Loကသူလာဖို့အတွက်တံခါးဖွင့်ပေးထားတာပါလို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ရဲတွေက Dubisကိုစိတ်ပိုင်းဆိုင်ရာချို့တဲ့မှုနှင့်ဖမ်းဆီးခဲ့ပါတယ်။

Mr. News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post