ပူတာအိုအခြေစိုက်တပ်မမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ်ခန့် စိန်က ပစ်စတိုနှင့် နားထင်တေ့ ပစ်ရာ စာရင်း စစ်ဝန်ထမ်းတစ်ဦးသေဆုံး သွားကြောင်း သေဆုံးသူရဲ့ ညီဖြစ်သူကပြောကြားပါတယ်။
ပူတာအိုခရိုင်စာရင်းစစ်ရုံးအနီး အိန်ကျယ်စားသောက်ဆိုင်တွင် ည(၉)နာရီကျော်ခန့် က အခုလို ဒုတပ်
ကြပ်က ပစ်စတိုနဲ့ ပစ်လိုက် လို့ စာရင်းစစ် ဦးလမင်းမောင်မောင်သေဆုံးခဲ့တာဖြစ်ပါတယ်။
“ညက အကို(သေဆုံးသူ)က သူ့ သူငယ်ချင်းတစ်ယောက်နဲ့အိန်ကျယ် စားသောက်ဆိုင်မှာ ယမ်ယမ်ခေါက် ဆွဲစ
ားနေကြတာ။ ဆိုင်ရှင်က ည (၉)နာ ရီကျော်လို့ဆိုင်တံခါးပိတ်ထားလိုက်တယ်။အဲဒီအချိန်မှာတပ်ထိန်းကိုခန့်စိန်ရောက်လာပြီးတံခါးကိုခြေနဲကန်ဖွင့်တယ်။နောက်ဝင်လာပြီး ဘီယာချပေးဖို့ ပြောတယ်။
ဆိုင်ရှင်က ပိတ်တော့မှာလို့ ပြောတော့ ဒါဆို
လည်း ဟိုကောက်တွေပါ ပြန်ခိုင်း လို့ပြောတယ်။
အဲဒါနဲ့ ခေါက်ဆွဲ စားနေတဲ့ (သေဆုံးသူ)က အကို(တပ်ကြပ်) စားလိုပြီးတော့မှာပါ။ဘာဖြစ်လို့ 
လဲလို့ မေးလိုက် တာကို သေနတ်နဲ့ ပစ်သွားတာ ” လို့သေဆုံးသူရဲ့ ညီဖြစ်သူက ပြန်ပြောပြပါတယ်။
ခရိုင်စာရင်းစစ် အရာရှိက“ညက သေဆုံးသွားတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ ဖြေကြား
ခွင့် မရှိပါဘူး။ ရဲစခန်းကိုပဲမေးပါ။ ဒီကိစ
္စနဲ့ ခေါင်းတွေလည်း ကိုက်လှပြီ။ ”လို့ တယ်လီဖုန်းကတဆင့် ဖြေကြား ခဲ့ပါတယ်။
သေဆုံးသူ ဦးလမင်းမောင်မောင်ဟာ အသက်၂၆နှစ်အရွယ်ရှိပြီးအကွက်(၆)နန်းရှေ့၊ ဒေါနဘွားရပ်၊ အောင်မြေ သာစံမြို့ နယ်၊မန္တလေးမြို့  မှာနေထိုင်သူဖြစ်ပါတယ်။ လုပ်သက် ရှစ်လခန့်သာ ရှိသေးပြီး ပူတာအို ခရိုင်စာရင်းရုံးမှာ စာရင်းစစ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေ
သူ ဖြစ်ပါတယ်။
ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး ) ဦးဇော်သိန်းထံ တယ်လီဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ အစည်းအဝေးခန်းမတွင်း ရောက်နေလို့ နောက်မှ ပြန်ဆက်ရန် ဖြေကြားခဲ့ပါတယ်။
မန္တလေးခေတ်
