ှု
Sunday, September 1, 2013
၃၀.၈.၂၀၁၃ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြိုနယ်ရှိ ---- ပွဲရုံကိုယ်စားလှယ် ဦးမြင့်ကြိုင်သည် ပွဲရုံပိုင်ရှင်၏ ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ
ပီနံအိတ်(၂)လုံးအား ယာဉ်မောင်းရဲလတ်ဝင်း မောင်းနှ
င်သည့် ပွဲရုံပိုင်၂ခ/--- 4D
အမျိုးအစား(၆)ဘီးယာဉ်၏ နောက်ခန်းတွင်တင်ဆောင်၍ ၎င်းမှ ယာဉ်နောက်လိုက် များဖြစ်ကြသော ပြည့်စုံ၊ လှဝင်းတို့နှင့်အတူယာဉ်၏
ရှေ့ခန်းတွင်စီနင်းခဲ့ပြီး လှိုင်သာယာမြို့န
ယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့ ထွက်ခွာလာခဲ့ကြကြောင်း၊ ထိုသို့ ယာဉ်အားမောင်းနှင်
လာစဉ် ၂၀၄၅ အချိန်ခန့်၌ ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွာကွေ့ အရောက် တွင်အမည်မသိ အမျိုးသမီး(၂)ဦးမှလမ်းကြုံလိုက်လိုသဖြင့်
ယာဉ်၏ ရှေ့ခန်းတွင်(၁) ယောက်၊ ငွေထုပ်ရှိရာယာဉ်နောက်ခန်းတွင်
(၁)ယောက်ခေါ်တင်ကာဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါအမျိုးသမီး(၂)ဦးမှာ ထန်း
တပင်မြို့နယ်၊ ပန်တိုင်ကျေးရွာအလွန်တွင် ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းအမျိုးသမီး(၂)ဦးဆင်းသွားပြီးနောက်
ငွေအိတ်အားကြည့်ရာ အိတ်မှာ(၂)ချက်ကွဲနေပြီ
း အတွင်းမှငွေကျပ်(၁၀၇)သိန်းမှာ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် အမျိုးသမီး(၂)ဦးအားစုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍၁.၉.၂၀၁၃ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခ
န်း(ပ) ၈၅/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး စုံစ
မ်းဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police
9 minutes ago
Like · 2 comments · Share
