ပန်းဆိုးတန်း-ဒလကူးတို့ သင်္ဘော ခေါက်ရေတိုးချဲ့ ပြေးဆွဲရန် စီစဉ်လျက်ရှိ


ခရီးသွား ပြည်သူများ စိတ်ချမ်းသာမှု ရှိစေ
ရေးနှင့် လွယ်ကူမြန်ဆန်မှု ရှိစေရေးတို့ အတွက် ပို့ဆောင်ရေးကို စနစ်များ ပြောင်းလဲ လုပ်ဆောင်လျက်ရှိရာ ပန်းဆိုးတန်း-ဒလကူးတို့ သဘောင်္ ဆိပ်ကမ်းတွင် အခေါက်ရေ တိုးချဲ့ပြေး
ဆွဲရန် စီစဉ်လျက် ရှိကြောင်း ပန်းဆိုးတန်း-ဒလကူးတို့ သင်္ဘောများနှင့် ပတ်သက်၍ နန်းသီတာ ဆိပ်ကမ်းမှ မန်နေဂျာ ဦးအေးမြင့်မောင်၏ ပြောပြချက်အရ သိရသည်။

''အခေါက်ရေ တိုးဖို့ ရုံးချိန်ကို ဦးစားပေးပြီး စဉ်းစားနေကြတယ်။ မနက်ပိုင်းဆိုရင် မနက်၆ နာရီ ကနေ ၁ဝ နာရီကြားမှာ ဒလဘက်ခြမ်းက ရန်ကုန်ဘက်ကို လာကြတာ များတယ်။ ရန်ကုန်ဘက်
က သွားတာ နည်းတယ်။ အခုလက်ရှိက မိနစ် ၂ဝ တစ်ခေါက်ပေါ့။ အဲဒါကို ၁၅ မိနစ်တစ်ခေါက် တိုးနိုင်ဖို့ ကြိုးစားနေတယ်။ သင်္ဘော နှစ်စင်းအ
စား တစ်စင်းတိုးပြီး သုံးစင်း
ပြေးမယ်ပေါ့။ ဒါပေမဲ့ အဲဒီသင်္ဘောတွေ မီအောင် မောင်းနိုင်၊ မမောင်းနိုင်နဲ့ ရေတက်၊ ရေကျ ရှိသေး
တယ်။ အဲဒါကို ချိန်နေတယ်။
စတင်ဖို့ကိုလည်း သင်္ဘောတွေပေါ် မူတည်နေတယ်။ ဒါကို ညှိနေတယ်''
ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်းများသည် ကော့မှူး၊ကွမ်းခြံကုန်း၊ တွံတေးနှင့် ဒေးဒရဲ အစရှိသည့် မြို့နယ်များသို့ ထွက်ပေါက် တစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့သို့ လာရောက်၍ အလုပ်လုပ် ကိုင်ကြသူများသည် ယင်းထွက်ပေါက်ကို အားကိုး၍လာရောက်ကြသည်ဟု သိရသည်။
ထို့အပြင် ယင်းဆိပ်ကမ်းတွင် ခရီးသွား ပြည်သူများ ဗဟုသုတ တိုးပွားရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုး
ရေးနှင့် မွေးမြူရေး၊ ကျန်းမာရေး၊ ဘာ
သာရေး၊ သိပံ္ပနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှ
င့် အနုပညာ၊ အားကစား၊ အတ္ထုပ္ပတ္တိ၊ ပြည်သူ့နီတိ စသည့် ပညာပေး ဂျာနယ်များကိုလည်း ထားရှိ
ပေးထားကြောင်း သိရသည်။

ဗသ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post