မိုင်းဗုံး ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်း


နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖ၊ ပြည်သူလူထု ထိတွေ့ ဆက်ဆံမှု အမှတ်စဉ် (၁ဝ/၂ဝ၁၃) အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဇော်ဌေးဦးက ရဲတပ်ဖွဲ့ အနေနှင့် ဆောင်ရွက် ထားရှိမှုများကို တက်ရောက် လာကြသူများအား ချပြဆွေးနွေးပြီး ဘုရားကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကြာညိုက ရဲစခန်းအပိုင် နယ်မြေအတွင်း ဆောင်ရွက်ချက်များကို တင်ပြသည်။ ထို့နောက် ဇဝနသိဒ္ဓိရပ်ကွ
က် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေး အသင်းအဖွဲ့ ခေါင်းဆောင်များမှ သိလိုသည်များကို
အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီး မြို့
နယ် ရဲတပ်ဖွဲ့မှူးက ပြည်တွင်းတွင် ဖြစ်ပွ
ားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များက
ို အသေးစိတ်ချပြ ဆွေးနွေးကာ မြို့နယ်အတွင်းမသင်္ကာဖွယ် တွေ့ရှိရသူများအား ရဲစခန်းသို
့ ချက်ချင်း သတင်းပေးပို့ ကြရန်မှာကြားခဲ့
ကြောင်း သိရသည်။

myawady

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post