Sea Games အား ဂုဏ်ပြုသည့်အနေဖြင့် Debit Card ထုတ်ဝေ

Mon, 10/28/2013 -

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ
အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်ေ
မြာက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် Sea Games Debit Card ထုတ်ဝေလိုက်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်လီမိတက်နှင့် AIR KBZ
တို့ပူးပေါင်းကာ KBZ Sea Games
Debit Card အား ထုတ်ဝေလိုက်ခြင်းဖြ
စ်သည်။ အဆိုပါကတ်၏ လုပ်ဆောင်ချ
က်အားလုံးမှာ MPU Card အသုံးပြုမ
ှု ပုံစံအတိုင်းဖြစ်ပြီး လက်ရှိ
KBZ MPU Debit Card အသုံးပြုနေ
သူများအနေဖြင့် KBZ Sea Games Debit Cardကို အသုံးပြုလိုပါက လက်ရှိကတ်အ
ကောင့်နှင့် ချိတ်ဆက်၍အသုံးပြု
နိုင်ကြောင်း၊ KBZ MPU Debit Card မ
ရှိသေးသူများအနေဖြင့် ကတ်အကော
င့်အသစ်ဖွင့်၍ အသုံးပြုနိုင်ကြောင်း သိရသည်။ “ချိတ်ဆက်ထားတဲ့
လုပ်ငန်းပေါင်း ၈၀ ဝန်းကျင်ရှိပါတယ်။

Sea Games Card ကို အသုံးပြု
တဲ့လူတွေအနေနဲ့ အဲ့ဒီလုပ်ငန်းေ
တွမှာ လျှော့ဈေး (Discount) ခံစား
ခွင့်ရရှိမှာဖြစ်ပါတယ်။ ၅ % ကနေ
၇၀ % အထိ Discount က ရရှိမှာဖြစ်ပါ
တယ်” ဟု ကမ္ဘောဇဘဏ်လီမိတက်၏ Service
Promotion ဌာနမှ Deputy General
Manager ဦးသက်ကိုကိုမျိုးက ပြော
သည်။

ကတ်အရေအတွက် တစ်သောင်းသာ ကနန့်
သတ်၍ ရောင်းချသွားမည်ဖြစ်ကြော
င်း၊ ကတ်အသုံးပြု၍ ATM စက်များတ
ွင် ငွေသားထုတ်ယူခြင်း၊ POS စက်
များတွင်ငွေပေးချေခြင်းများြ
ပုလုပ်နိုင်ခြင်း၊ ကမ္ဘောဇဘဏ်၊
AIR KBZ တို့နှင့် ချိတ်ဆက်ထားသော
ဟိုတယ်များ၊ စားသောက်ဆိုင်များ
၊ ကျောက်မျက်ရတနာဆိုင် အစရှိသည်
တို့မှ လျှော့ဈေးများ ခံစားခွ
င့်ရရှိခြင်းအစရှိသည်တို့ အကျို
းခံစားခွင့်ရရှိမည်ဖြစ်ကြောင်
း သိရသည်။ “နဂိုထုတ်တဲ့ Debit Card
ပဲ။ ဒါပေမယ့် Sea Games အမှတ်တရအြ
ဖစ် ထုတ်ပေးတာဖြစ်ပါတယ်။ အားသာ
ချက်ကတော့ Promotion တွေ ခံစားခွ
င့်ရရှိမှာဖြစ်ပါတယ်” ဟု ကမ္ဘောဇ
ဘဏ်လီမိတက်၏ Deputy Managing Director
ဦးဇော်လင်းထွဋ်က ပြောသည်။

အောက်တိုဘာလ ၂၁ ရက်မှစတင်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး ချက်ခြင်း
ထုတ်၊ ချက်ခြင်းသုံးစွဲနိုင်မည်
ဖြစ်ကြောင်း သိရသည်။
ကတ်ထဲတွင် ငွေကျပ် တစ်သိန်း၊ သုံ
းသိန်း၊ ငါးသိန်း စသဖြင့် ကတ်ေ
လျှာက်ထားမှုအလိုက် အနည်းဆုံးထ
ည့်သွင်းရမည်ဖြစ်ကြောင်း သိရသ
ည်။ KBZ Sea Games Debit Card အသုံြး
ပုသူများအနေဖြင့် ဆိုင်ပေါင်း
၈၀ ဝန်းကျင်တင် လျှော့ဈေးဖြင့်
အကျိုးခံစားခွင့်ရရှိမည့်အပြင်
ကတ်ကြိုတင်လျှောက်ထားမှုအလိုက်
ပရိုမိုးရှင်းအစီအစဉ်၊ နှစ်စဉ်
ကြေးကင်းလွတ်ခွင့် အစီအစဉ် စသည်
တို့အားလည်း အကျိုးခံစားခွင့်ရ
ရှိမည်ဟုဆိုသည်။ အဆိုပါ Sea Game
Debit Card နှင့် ပတ်သက်၍
www.facebook.com/kanbawzaBank တွင်
အသေးစိတ်ကြည့်ရှုနိုင်ကြောင်း
သိရသည်။
ထွန်းထွန်း
internetjournal

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post