ပရီးမီးယားလိဂ်ပွဲစဉ်(၉)မြင်ကွင်းနှင့် အနှစ်ချုပ်


ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ယှဉ်ပြိုင်က
စားခဲ့တဲ့ အစောပိုင်းပွဲစဉ်မှာတော့
အာဆင်နယ်က အဝေးကွင်းမှာ (၂)ဂိုးပြတ်
အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်
တို့ပထမဆုံးဂိုးသွင်းခွင့်စရခဲ့ပေမယ့်ချာမက်ရဲ့အနိမ့်ဘောကန်ချက်၊ ဂူဒီအိုရာရဲ့ကန်ချက်တွေကို ရှက်ဇီ
နီလက်စွမ်းပြနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးမေ
ပးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီးတစ်မိနစ် အကြာမှာတော့ဖလာမီနီနေရာဝင်ကစားတဲ့ ဂျီနာဘရီကို စရိယာအတွင်း ဂူဒီအိုရာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့်
အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပြီး
အာတီတာကအမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ် အဖွင့်ဂိုးစရခဲ့ပါတယ်။

ဒါပေမဲ့ အာတီတာဟာ ပွဲချိန်(၆၄)မိနစ်မှာေ
တာ့ ချာမက်ကို ဥပဒေပကစားခဲ့တာကြောင့်
နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး အာဆင်န
ယ်တို့ လက်ကျန်ပွဲချိန်တွေမှာ တစ်ယောက်လျော့နဲ့ ကစားသွားခဲ့ရပေမယ့် ပွဲချိန်(၈၇)မိနစ်မှာတော့ ဂီယောက်က ရမ်ဆေးရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အာဆင်နယ်အတွက် ဒုတိယဂိုး သွင်းပေးနိုင်ခဲ့တာကြောင့်
အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ
ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ ဆက်ကစားတဲ့ ပွဲစဉ်တွေမှာ
လီဗာပူးနဲ့ မန်ယူတို့ အောင်ပွဲခံနိုင်ခဲ့ပေမယ့် မန်ယူကတော့ စတုတ်စီးတီးကို ခက်ခက်ခဲခဲ
ကစားသွားခဲ့ရပါတယ်။
ပွဲအစ(၄)မိနစ်မှာပဲစတုတ်စီးတီးအတွက် အဖွင့်ဂိုးအဖြစ်ခရော့ခ်ျက နှစ်ဆင့်ပိတ်
သွင်းယူခဲ့တာကြောင့် မန်ယူတို့ နောက်က
လိုက်ကစားခဲ့ရပြီး ပွဲချိန် (၄၃)မိနစ်မှာတော့
ဗန်ပါစီက ရွန်နီရဲ့ ခေါင်းတိုက်ချက်ကတစ်
ဆင့်ပြန်ထွက်လာတဲ့ ဘောလုံးကနေ ချေပဂိုးပြန်သွင်းပေးနိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်
ဗန်ပါစီဟာ စတုတ်စီးတီးနဲ့ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ်(၇)ပွဲမှာ (၉)ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ နောက်(၂)မိနစ်အကြာမှာပဲ အာတူနိုဗစ်က ပြစ်ဒဏ်ဘောကတစ်
ဆင့် စတုတ်စီးတီးအတွက် ဦးဆောင်ဂိုးထပ်
သွင်းပေးခဲ့ပြီး ရွန်နီက ပွဲချိန်(၇၈)မှာ လှပ
တဲ့ ခေါင်းတိုက်ချက်နဲ့ ပြန်ချေဖျက်နိုင်ခဲ့ပြီး
လူစားဝင်ကစားသမား ဟာနန်ဒက်ဇ်က နေ
ာက်(၂)မိနစ် အကြာမှာ ခေါင်းတိုက်ဂိုးနဲ့
မန်ယူကို အိမ်ကွင်းနိုင်ပွဲရယူပေးခဲ့တာပါ။

အခုရာသီအစမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်
နေတဲ့ လီဗာပူးဟာ ၀က်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ
လည်း ဆွာရက်ဇ်ရဲ့ အစွမ်းပြမှုနဲ့အတူ
ဂိုးပြတ်နိုင်ပွဲရရှိသွားခဲ့ပါတယ်။

ဝက်စ်ဘရွန်းဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ ပေးဂိုးမရှိနိုင်ပွဲ ရယူနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ မိနစ်(၂၀)အတွင်း (၂)ဂိုး ပေးခဲ့ရခြင်းနဲ့အတူ ဒီရာသီမှာ ပထမဆုံးအကြိမ်(၃)ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရ
တာဖြစ်ပါတယ်။
ဝက်စ်ဘရွန်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးအတွက် ဟက်ထရစ်(၄)ကြိမ် သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်လာပြီး
ပွဲ(၂၀)ကစားရင် တစ်ကြိမ်နီးပါး ဟက်ထရ
စ်ရတဲ့ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါ
တယ်။ စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့
ထူးခြားချက်ကတော့* ခေါင်းတိုက်သွင်းဂိုး
(၇)ဂိုး *အထိ ရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်*(ဂီယောက်)
ဗီလာ ၀-၂ အဲဗာတန်
*(ဆွာရက်ဇ် (၂)ဂိုး)လီဗာပူး ၄-၁ ၀က်စ်ဘ
ရွန်း*(ရွန်နီ၊ ဟာနန်ဒက်ဇ်)မန်ယူ ၃-၂ စတုတ်စီးတီး
နောဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်
*(ရစ်ကီလမ်ဘတ်၊ ဂျေးရိုဒရီဂွက်ဇ်) ဆော
က်သမ်တန် ၂-၀ ဖူလ်ဟမ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post