အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး


Created on Saturday, 26 October 2013
01:31
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်း
အမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသည့်ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ''ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို တန်ဖိုးဘယ်
တော့မှ မဲ့မသွားအောင်လို့ ရုံးတွေ၊ နေအိမ်တွေ၊ အဆောက်အအုံတွေမှာ ချိတ်ကို ချိတ်ရမယ်။

လိုချင်တဲ့ အဓိက အန္တိမ ရည်ရွယ်ချက်က ဓာတ်ပုံကို မပျောက်ပျက်သွားအောင် ချိတ်ပေးဖို့ပဲ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ချိတ်ကြတယ်။

ကျွန်တော်တို့လည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြည့်ပြီး စစ်တပ်ထဲ ၀င်ခဲ့တာ။ နောက်ပိုင်းကျတော့ ဒီပုံတွေက မရှိတော့ဘူး။
ဟိုကဖြုတ်လို့ ပြောလိုက်၊ ဒီကတပ်လို့ ပြောလိုက် အမျိုးမျိုးဖြစ်လာတယ်။
ယနေ့ တပ်မတော်မှာတောင်မှ
ဗိုလ်ချုပ်ဓာတ်ပုံကို တရားဝင် တပ်နေပြီ။ တပ်မတော် ဘက်ကလည်း အလေးအနက်ထား ဆောင်ရွက်နေတယ်။

ကျွန်တော်တို့ ပြည်သူတွေ
ဘက်ကလည်း လွှတ်တော်က အလေးအမြတ်ထားပြီး ဆောင်ရွက်ပေးဖို့ သင့်ပါတယ်။
အချိန်တိုလေးတော့ ကြည့်လို့မရဘူး။

နို့မဟုတ်ရင်တန်ဖိုးမဲ့ ပျောက်ကွယ်သွားနိုင်တယ်။
ဒါက သုံးချင်တဲ့နေရာ သုံးလို့လည်း မသင့်ဘူး။
နိုင်ငံတော်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင် ဖြစ်ပါတယ်။ လွှတ်တော်၊ ရုံးတွေ၊ ဌာနတွေ၊ နေအိမ်တွေ အဆောက်အအုံတွေမှာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရ တက်တက်၊ ဘယ်ပါတီတက်တက် ဒီဓာတ်ပုံကို အလေးအမြတ် ထားစေချင်တဲ့ ရည်ရွယ်ချက် နံပါတ်တစ် ဖြစ်ပါတယ်'' ဟု သတင်းထောက်များကို ပြောကြားသည်။

လွှတ်တော်၌ ဆွေးနွေးရာတွင် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသော ပြင်ဆင်ချက်များကို
တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေးအတည်ပြုခဲ့ပြီး''အမျိုးသား ခေါင်းဆောင်ကြီး၏ပုံကို ရုံးဌာနများနှင့်နေအိမ်အဆောက်အအုံများတွင် အလေးအမြတ်ထား၍ ချိတ်ဆွဲဆင်ယင်ခြင်း'' အချက်ကို ဖြည့်စွက်ခြင်းတွင်
မူလက ပါရှိပြီးဖြစ်ကြောင်း၊ လိုက်နာမှု မရှိလျှင် လိုက်နာမှုရှိအောင်ေ
ဆာင်ရွက်ရမည်ဖြစ်ပြီး နောက်ထပ်ဥပဒေ ပုဒ်မတစ်ခု ထပ်တိုးရန် မလိုအပ်ကြောင်း ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ် ဦးဘရှိန်က သုံးသပ်ဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုပုဒ်မနှင့် ပတ်သက်၍ သီးခြားဆွေးနွေးရန် လိုကြောင်း၊ လိုအပ်လျှင် မိမိကိုယ်တိုင်
ကြားနာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းပုဒ်မကို အတည်ပြုရန် ချန်လှပ်ထားခဲ့သည်။

ထို့အပြင် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ယခုလွှတ်တော်က ပြင်ဆင်ရန် သဘောတူညီခဲ့သည့် ပုဒ်မများကိုလည်း အတည်မပြုခဲ့ဘဲ
ဆက်လက်ဆွေးနွေးသည့် နေ့တွင်သာ အတည်ပြုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
ကြေညာခဲ့သည်။

From : Eleven Media
Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post