ကျောက်တော်မြို့နယ်အတွင်း ရခိုင် ကလေးမငယ်တစ်ဦး အသတ်ခံရ

ကျောက်တော်မြို့နယ် အပေါက်ဝရွာကြီး အနီး ရခိုင်ရွာ နှင့်ကုလားရွာအကြားအစပ်နေရာတွင် ပျောက်ဆုံးသွားခဲ့သောငါးနှစ်အရွယ် ရခိုင်မိန်းကလေးတစ်ဦးကို နံနက်စောစော နှစ်နာရီခွဲအချိန်တွင် ရွာအနီး လယ်ကွက် ထဲတွင် သေဆုံးလျက်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ ငယ်ငယ် (ငါးနှစ်) နှင့် သူ၏အစ်မ လေးတန်းကျောင်းသူတို့ ညကိုးနာရီအချိန်တွင် ကြာညိုပြင်ရွာနှင့်ရွက်ညာ(ကုလား)ရွာတို့အစပ်ရှိ မုန့်ဆိုင်သို့ မုန်သွားဝယ်ကြပြီးအပြန်တွင် လမ်းခုလတ်ကျမှ ငယ်ငယ်
ပါမလာသည်ကို အစ်မဖြစ်သူက သိသည်ဟု ဆိုသည်။

ထိုအခါကျမှ ရွာသားများက ငယ်ငယ်ကို လိုက်ရှာကြရာ ရွာပြင် လယ်ကွက်များထဲတွင် ငယ်ငယ်၏ အလောင်းကို နံနက် နှစ်နာရီခွဲ
ကျမှ ရှာဖွေတွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ငယ်ငယ်၏ အမှုကို အမှုအမှတ် (ပ) ၃၈ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စိစစ်ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

From : Coral Arakan News


SHARE THIS
Previous Post
Next Post