“OIC အလိုမရှိကြောင်း’’ မင်းပြားမှ ဒုတိယအကြိမ်မြောက်ဆန္ဒထုတ်ဖေါ်ပွဲတွင် လူပေါင်းသောင်းချီပါဝင်ခဲ့

(၁၆-၁၁-၂၀၁၃ နေ့ ။ လေးမြို့ ညနေခင်းသတင်း )

“OIC အလိုမရှိကြောင်း” ပြည်သူတို့ ၏ ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖေါ်ပြသပွဲကို ယနေ့ (၁၆.၁၁.၂၀၁၃ နေ့ )နေ့ လည် ၁၂း၃၀ ချိန်တွင် မင်းပြားမြို့ ၌ ပြုလုပ်ကျင်းပခဲ့ရာ ကလေး၊ လူကြီး ၊ ရဟန်း အပါအ၀င် လူပေါင်းသောင်းချီခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲသည် (၁၃.၁၁.၂၁၀၃)နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော OIC မှ ကိုယ်စားလှယ်များ
နှင့် တခြား INGO အမည်ခံ ဘင်္ဂလီတို့ အား နောက်ကွယ်မှ သွေးထိုးလှုံဆော်၊
မြောက်ပင့်ပေးနေသော အဖွဲ့ အစည်းများအား အလိုမရှိကြောင်း ၊ ရခိုင်ပြည်နယ်မှ အပြီးအပိုင်ထွက်ခွာသွားကြရန် ပြည်သူတို့ ၏ ရင်တွင်းဆန္ဒအမှန်ကို ထုတ်ဖေါ်ပြသလိုက်ခြင်း ဖြစ်ကြောင်း ထိုဆန္ဒထုတ်ဖေါ်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ပါဝင်ခဲ့သူ ဦးဇော်သန်းက လေးမြို့ သို့ ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖေါ်တွင်ဝင်ရောက်ပါဝင်သူ
များက “OIC အလိုမရှိကြောင်း”  စာသားပါ တီရှပ်အင်္ကျီများ ၊ ပိုစတာများ ၊ စတေကာများ ရိုက်နှိပ်ပြီး မင်းပြားမြို့ ၊ မြို့ ရောနယ်ပါ ဓမ္မာရုံကြီးမှ နေ့ လည်(၁၂း၂၀)ခန့် တွင် စတင်ကာမြို့အနှံ့၊လှည့်လည်ဆန္ဒထုတ်ဖေါ်ပြသခဲ့ပြီးနေ့ လည်(၁း၄၀)ခန့် တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖေါ်ပွဲမှာ တရားဝင်ခွင့်ပြုချက်
ရရှိထားခဲ့ပြီးဖြစ်သည့်အတွက် အတားအဆီး၊အခက်အခဲမရှိခဲ့ဘဲ
အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်ခဲ့ကြောင်း အမည်မဖေါ်လိုသည့် ပွဲဖြစ်မြောက်ရေး
တာဝန်ရှိသူတစ်ဦးက လည်း လေးမြို့ သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သော (၂၀၁၂ -ခုနစ်) အောက်တိုဘာ
လကလည်း OIC အလိုမရှိကြောင်း ပထမအကြိမ်မင်းပြားတွင်ဆန္ဒထုတ်ဖေါ်ခဲ့
ကြောင်း သိရပြီး ယနေ့ ကျင်းပခဲ့သော ဆန္ဒထုတ်ဖေါ်ပွဲမှာ မင်းပြားမြို့ နယ်အတွက် ဒုတိယမြောက်"OICအလိုမရှိကြောင်း"ဆန္ဒထုတ်ဖေါ်ပွဲဖြစ်ကြောင်း သိရသည်။

သတင်း - မင်းမြတ်ခိုင် ၊ ဓါတ်ပုံ - မိုးစက်
(လေးမြို့ သတင်းမီဒီယာ)


SHARE THIS
Previous Post
Next Post