အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ. OIC ရဲ. ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အဖြစ်
ဗုဒ္ဓဟူးနေ့ မနက်က ကိုယ်စားလှယ် အဖွဲ. ရန်ကုန်မြို.ကို ပထမဆုံး အကြိမ် ရောက်လာခဲ့ပါတယ်။
OIC အဖွဲ. အတွင်းရေးမှုးချုပ်၊ တူရကီနဲ. အင်ဒိုနီးရှားနိုင်ငံ တို.က နိုင်ငံခြားရေး ဝန်ကြီးတွေ အပါအဝင် အဖွဲ.ဝင် နိုင်ငံ တချို.က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ.ဟာ နေပြည်တော်ကို ခရီးဆက်ခဲ့ကြ ပါတယ်။
စရောက်တဲ့ နေ.မှာပဲ OIC အဖွဲ. မိတ္ထီလာကို လာမယ် ကြားလို. ကန်.ကွက်ဖို့ ပြင်ဆင် နေကြပေမဲ့ ညနေပိုင်း အထိ အဲဒီ
ကို ရောက်မလာကြဘူးလို. မြို.ခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ် အတွင်း OIC အဖွဲ.က ဒေါ်အောင်ဆန်း စုကြည်နဲ. ရန်ကုန်က အစ္စလာမ် ဘာသာရေး ခေါင်း
ဆောင် တွေနဲ. နိုဝင်ဘာ ၁၆ ရက် နောက်ပိုင်းမှာ တွေ.ဖို. ရှိတယ်လို. သတင်းတွေ ကြားနေရပေမဲ့ အတည် မပြုနိုင်သေးပါဘူး။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင် ပြည်နယ်က မွတ်ဆလင် တွေနဲ. တွေ.ဆုံဖို. ရှိတယ်လို.လည်း သိရပါတယ်။
အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်ကတော့ ရခိုင် ပြည်နယ်ကို သွားဖို. အစီအစဉ် ရှိပေမဲ့ ရက် အတိအကျကိုတော့ မပြော
နိုင်သေးဘူးလို. ပြောပါတယ်။
ဒါကြောင့် အိုအိုင်စီရဲ. မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘာတွေလုပ်မယ် ဘယ်ကိုသွားမယ် ဆိုတာတွေက လျှို.ဝှက်တဲ့ သဘောလို ဖြစ်နေတယ်လို. မြင်နေကြတာနဲ. ပတ်သက်လို. မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေး ကောင်စီ တွဲဖက် အတွင်းရေးမှုး ဦးဝဏ္ဏရွှေကတော့ အစိုးရချင်း စီစဉ်ပြီး လာရောက်တဲ့ ခရီးစဉ် ဖြစ်လို့ ပြည်တွင်း ဘာသာရေး အဖွဲ.တွေနဲ. တစုံတရာ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။
OIC အဖွဲ. နယ်တွေကို ဆင်း ပြီးပြန်လာရင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ.မယ် ဆိုတာပဲ သိတယ်လို. သူက ပြောပါတယ်။
ရခိုင် ပြည်နယ် ကို ရောက်လာရင်လည်း ကန့်ကွက် ဆန္ဒပြကြဖို. ရခိုင် တိုင်းရင်းသားတွေက ပြင်ဆင်နေကြလည်း
သိရှိရပါတယ်။
Ref : BBC