မယ်စကြာဝဋာပြိုင်ပွဲ မြန်မာကိုယ်စားပြုမယ် ရခိုင်ရိုးရာ ၀တ်စုံနှင့် ယှဉ်ပြိုင်

၆ နိုဝင်ဘာ ၂၀၁၃။

ရုရှားနိုင်ငံမော်စကိုမြို့တော်၌ ကျင်းပနေသော မယ်စကြာဝဋာပြိုပွဲ တွင် နိုဝင်ဘာလ၃ရက်နေ့
က ကျင်းပသည့် အမျိုးသားဝတ်စုံပြိုင်ပွဲ ၌ မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ်ပြိုင်သည့် မိုးစက်ဝိုင်သည် ရခိုင်ရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“မနေ့ကပွဲကတော့ နိုင်ငံပေါင်းစုံကပေါ့နော်၊ သူတို့ထွင်လာတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံ
တွေ ၀တ်ကြတယ်။ ဒါပေမယ့် မိုးစက်တို့ မြန်မာနိုင်ငံ အနေနဲ့ ၀တ်ခဲ့တာကတော့ အဓိက မြန်မာနိုင်ငံရဲ့ ရိုးရာဝတ်စုံ ဘယ်သူမှ ကမ္ဘာက မသိဘူးပေါ့နော်။ အဲဒီအတွက် ရိုးရာဝတ်စုံ ဆန်ဆန်လေးပဲ ၀တ်ချင်ပါတယ်လို့ ဒီဇိုင်းတွေ ဘာတွေ စတန့်တွေ ဘာတွေမထွင်ထားဘူး
ပေါ့နော်။ အဓိက ကတော့ ရခိုင်ချိတ်၊ ရခိုင် မင်းသမီးလေး တယောက်ပါ။ ရခိုင် မင်းသမီး တယောက်ရဲ့ ပုံစံကို ပြန်ပြီး ၀တ်ထားတာပါ” ဟု VOA တွေ့ဆုံခန်းတစ်ခုတွင် မိုးစက်ဝိုင်ကဖြေကြားခဲ့သည်။

မယ်စကြာဝဋာ ပြိုင်ပွဲတွင် ရခိုင်ရိုးရာဝတ်စုံဖြင့်ယှဉ်ပြိုင်ခဲ့ခြင်းအပေါ် စစ်တွေမြို့မှ ရခိုင်အမျိုးသမီးငယ်တစ်ဦးက
ကျွန်မတို့အရမ်းဝမ်းသာတယ် အရင်ကတည်းက မိုးစက်ဝိုင်ကိုအားပေးခဲ့တာ ကမ္ဘာ့ အလယ်မှာ ရခိုင်ရိုးရာဝတ်စုံ ဆိုတာ ဒါလို့ပြောပြခဲ့တဲ့မိုးစက်ဝိုင်ကိုကျေးဇူးတင်
တယ် ဟု ပြောကြားခဲ့သည်။

From : Coral Arakan News


SHARE THIS
Previous Post
Next Post