ရန်ကုန်တွင် တစ်ရက်တည်း လူငါးဦး ရေနစ်သေဆုံး


Monday, November 4, 2013

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာ
လ ၂ ရက်နေ့ တစ်ရက်တည်းတွင် ရေနစ်
သေဆုံးမှုပေါင်း ငါးမှု ဖြစ်ပွား
ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊
ဂန္ထဝင်လမ်းတွင် နေထိုင်သူ ဦးဝင်းမြင့်စိုး ဆိုသူသည် ယင်းလမ်းရှိ အကျယ်လေးပေ၊ အနက်နှစ်ပေရှရေမြောင်းထဲတွငိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က သေ
ဆုံးခဲ့ကြောင်း၊မြောက်ဥက္ကလာပ
မြို့နယ်တင် နံနက် ၉ နာရီခန့်က
ဦးထွန်းလင်းမြတ် (ခ) ကြက်ဖကြီး
(ခ) ဆံရှည် ဆိုသူမှာ ဝေဘာဂီမြို့သ
စ် ၄ ရပ်ကွက် မလိခလမ်း အတွင်းရှိ
လမ်းဘေးရေအိုင် အတွင်းတွင် သေ
ဆုံးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး အရက်သောက်သုံး ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်
တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကျန်ရေနစ် သေဆုံးမှုမှာ ပြည်လမ်း
ရှိ အင်းလျားကန်ထဲတွင် နံနက် ၁၁
နာရီ ဝန်းကျင်က အသက် ၅၅ နှစ်ခန့်
အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံ
းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသေ
ဆုံးနေသည်ကို တံတားဖြူ မှတ်တိုင်အနီး ကန်ဘောင်ပေါ် ရောက်ရှိနေ
သူ များက တွေ့မြင်ခဲ့ကြကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စတုတ္ထမြောက် ဖြစ်စဉ်သည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာ
ဦးမောင်ဇော် အုတ်ကွင်းတွင် နေ
ထိုင်သူ အသက် ၁၀ နှစ်အရွယ် မောင်
စန်းမောင်မောင် နံနက် ၁၀ နာရီကျော်က အုတ်တူးသည့် ကျင်းဟောင်း
ရှိ ရေကန်ဘေးတွင် ငါးမျှားနေစဉ်
ရေကန် အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့မှု ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ငါးယောက်မြောက် ရေနစ် သေဆုံးမှု
မှာ ရွာမအနောက်ရပ်ကွက် ‘အောင်ဖြိုးကျော်’ သဲကွင်း အလုပ်သမား
တန်းလျားတွင် နိုဝင်ဘာလ ၂ ရက်နေ့
ညနေ ၅ နာရီ ၃၀ က ဖြစ်ပွားခဲ့ပြီး
အသက်လေးနှစ်အရွယ် မစိမ့်စိမ့်
သူသည် မိခင်ဖြစ်သူ ဈေးဝယ်သွားစ
ဉ် နေအိမ်အနောက်ဘက် ပေ ၂၀
ခန့်အကွာရှိ လှိုင်မြစ်လက်တက် ချောင်းအ
တွင်း ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post