ွ
Monday, November 4, 2013
ရခိုင်ပြည် နယ် ပေါက်တောမြို့နယ်တွင် နို ဝင်ဘာ ၂ရက်က ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုတွင် ကျူး လွန်ခဲ့သူများကို မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ လုံထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေ ခံတပ်ရင်းတပ်ဖွဲ့တို့ ပူးပေါင်းရှာ ဖွေစုံစမ်း နေကြောင်း သိရသည်။
အမှုကျူးလွန်ခဲ့သူများမှာ နိုဝင်
ဘာ ၂ရက် ညနေပိုင်းတွင် ဆင်တက်မော်ကျေးရွာအုပ်စု ဆင် အိုင်ကျေးရွာမှ ငါးရှာထွက်လာ သ
ည့် ဒေသခံအမျိုးသမီးအုပ်စုကို ဓား၊ လှံလက်နက်များဖြင့် တိုက် ခိုက်ရာ အမျိုးသမီး တစ်ဦး ပွဲချင်း
ပြီးသေဆုံးပြီး ကျန်အမျိုးသမီး
တစ်ဦးတွင် ပြင်းထန်စွာဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အမှုကျူးလွန်သူများမှာအခင်းဖြစ်ပြီးနောက်
ထွက်ပြေး လွတ်မြောက်နေသည့်အတွက် ယင်းတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၊ လုံထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့
ပူး ပေါင်းကာ ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုစ
လုံးကို လိုက်လံ ရှာဖွေ စုံစမ်း နေကြောင်း ပေါက်တောမြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
''အမှုကျူးလွန်သူ သုံးဦးလို့ ကျွန်တော်တို့ သတင်းရထားပါ တယ်။ သူတို့တွေကို ဖမ်းမမိသေး ဘူး။ ကျွန်တော်တို့အားလုံး ပူး ပေါင်းပြီးရေကြောင်းရော၊ ကုန်း ကြောင်းပါ ရှာဖွေစုံစမ်းနေပါ တယ်''ဟု အထက်ပါတာဝန်ရှိသူ က
ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ သို့ နိုဝင်ဘာ၃ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။
အမှုကျူးလွန်သူများမှာ ပေါက်တောမြို့နယ် ဆင်တက် မော်ဒုက္ခသည်စခန်းမှဖြစ်ပြီး ယင်း တို့တိုက်ခိုက်မှုကြောင့် သေဆုံး သွားသူမှာ ယင်းမြို့နယ်အတွင်းရှိ ဆင်အိုင် ကျေး ရွာ မှ မလှခင်၃၀ နှစ်ဖြစ်ပြီး ကျန်အမျိုးသမီးလေးဦးဒဏ်ရာအသီးသီးရရှိခဲ့ကာ ယင်းအနက် မမေသန်းခင်
၁၈ နှစ်၏ ဝဲဘက်လက်မောင်းတွင် ဓားဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အတွက် ယင်းကို ညတွင်းချင်း စစ်တွေဆေးရုံသို့ ပို့ဆောင် ၍ ဆေး ကုသခံယူစေခဲ့ရကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏သတင်း ထုတ်ချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဘင်္ဂါလီများ
ဝိုင်းအုံလာခဲ့သဖြင့် သက်ဆိုင်ရာမှ သေနတ်ပစ်ဖောက် ခဲ့ရာ ဘင်္ဂါလီတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရ
ခိုင်ပြည်နယ်အစိုး ရအဖွဲ့က ထုတ်ပြန်ထားသည်။
ပြင်းထန်ဒဏ်ရာဖြင့် စစ် တွေဆေးရုံသို့
ရောက်ရှိ နေသည့် အမျိုး သမီးကိုစစ်တွေဒေသခံ များက
ဆေးရုံသို့သွားရောက် သတင်းမေးရန်လာသည်
်ကို ဒေသ အာဏာပိုင်များက တားဆီးမှုများ ရှိခဲ့ကြောင်း စစ်တွေဒေသခံများက နိုဝင်ဘာ ၃ရက်
က ပြောသည်။ ယခုဖြစ်စဉ်ကို ပေါက်တော မြို့မ ရဲစခန်း မှ (ပ)၁၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ
၃၀၂/၃၂၆/၁၁၄ တို့ ဖြင့် အမှုဖွင့်ထား
ကြောင်း သိရသည်။
မာန်ယုကျော်(ရွှေဝမြေ)
Yangon Media Group
