တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ဝင် များ ၏ အလွဲသုံးစားမှု များကို အရေးယူမည် ဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့ဝင် များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှု၊ တရား ဥပဒေနှင့် မညီသော အပြုအမူ များနှင့် ပတ်သက်သည့် ပြည်သူများ၏ တိုင်ကြားချက်ကို လက်ခံရယ
ူပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြား ထားကြောင်း မကွေးတိုင်းေ
ဒသကြီး ရဲတပ်ဖွဲ့ရုံး ရဲအုပ်စိုးထွန်းဝင်းက
ပြောကြားသည်။

ယင်းကဲ့သို့ တိုင်ကြားမှုများ ရှိပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထား
သော စုံစမ်းစစ်ဆေးရေးခုံရုံးက သက်သေခံ အကျဉ်းချုပ် ရေးမှတ်ယူကြောင်း၊ ကြီးလေးသော ပြစ်မှုများကိုရဲတရားရုံးဖွဲ့ပြီး စစ်ဆေး အရေးယူကြောင်း ၎င်းကရှင်းပြသည်။ လက်ရှိကာလတွင် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်း၊ တရားခံပြေးခြင်း၊ ခွင့်မဲ့ ပျက်ကွက်ခြင်းများနှင့် ပတ်သက်ပြီးအရေးယူ ဆောင်ရွက်မှုများ ရှိကြောင်း၊ ပြည်သူများ၏ တိုင်ကြား ချက်များကိုလည်း လက်ခံရရှိကြောင်း ၎င်းက ထုတ်ဖော် ပြောကြားသည်။

“တိုင်ကြားတဲ့သူက ဘယ်ကိစ္စနဲ့ ပတ်သက်လို့ ဘယ်ဌာနက ရဲအရာရှိကို ဘယ်လို အရေးယူထားလဲ ပြန်မေးလို့ ရပါတယ်” ဟု ရဲအုပ် ဦးစိုးထွန်းဝင်းက ဆိုသည်။ အထက်ပါ အရာရှိများ ကွင်းဆင်းစစ်ဆေးမည် ဆိုသော်လည်း ပြဿနာ မရှိနိုင်ကြောင်း လိုင်စင်မဲ့ အရက်ရောင်းချသူ အသက် ၄၀
ကျော် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အထက်က လာစစ်တော့မယ်ဆိုရင် သူတို့ (လိုင်းကြေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်) က ကြိုပြောတယ်”ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းရဲရုံး တပ်ကြပ်ကြီး တစ်ဦးကမူ ရဲတပ်
ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုနှင့် ပတ်သက်၍
၎င်းတို့ ရုံးသို့ တိုင်ကြားမှုများ ရှိကြောင်း၊ အရေးယူ ဆောင်ရွက်မှု များလည်း
ပြုလုပ်လျက် ရှိပြီး အသေးစိတ် အချက်အလက် များကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုများကို စစ်ဆေးအရေး ယူရန် ညွှန်ကြားထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန
ချုပ်သို့ ဆက်သွယ် မေးမြန်းရန် ဖုန်းခေါ်ဆို
သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။

From : The Voice


SHARE THIS
Previous Post
Next Post