ယခုနှစ် တန်ဆောင်မုန်း လပြည့်ည မြန်မာနိုင်ငံ၌ အမှန် တကယ် ဆေးပေါင်း ခ မည်


Thursday, November 7, 2013

ယခုနှစ် တန်ဆောင်မုန်းလပြည့်ည တွင် မြန်မာနိုင်ငံ ၌ အစစ်အမှန်ဆေး ပေါင်းခမည်ဖြစ်ပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးခြောက်မြို့၌ ဆေးစွမ်းပိုထက်နိုင်မည် ဖြစ် ကြောင်း
နက္ခတ်သိပံ္ပအဖွဲ့မှအမှု ဆောင်အရာရှိချုပ် ဦးဇေယျာကို က ပြောသည်။

လာမည့် နိုဝင်ဘာ၁ရရက် တွင် ကျရောက်မည့် တန်ဆောင် မုန်းလပြည့်နေ့ တွင် စစ်မှန်သည့် ဆေးပေါင်းခမှုဖြစ်စဉ် ဖြစ်ပေါ် မည်ဖြစ်ပြီးလဖြတ် လမ်းကြောင်း တွင် တည်ရှိနေ သည့်ရန်ကုန်မြို့ အပါအဝင် သထုံ၊ ဘားအံ၊ သုံးခွ၊
မအူပင်နှင့် ပုသိမ်မြို့တို့၌ ပိုမို
ဆေးစွမ်းထက်မည်ဖြစ်ကြောင်း သိရသည်။

''တန်ဆောင်မုန်းလပြည့် ညတိုင်း ဆေးပေါင်းမခဘူး။ ၁၂ လရာသီ မှာ မြန်မာနိုင်ငံအပေါ် ကို
လဖြတ်တဲ့အချိန်၊ မြန်မာ ပြည်ဧရိယာ အတွင်းလဖြတ်တဲ့ အချိန်မှာ ဆေးပေါင်းခတယ်။
ဒီ နှစ်မှာတော့ မြန်မာပြည် ရန်ကုန် မြို့ပေါ် တည့်တည့်မှာ လဖြတ် မယ်။

လဖြတ်လမ်းကြောင်းပေါ် မှာရှိနေတဲ့မြို့တွေမှာ ဆေးဖက် ဝင် မဲဇလီဖူးတွေ သုပ်စားရင် ပိုဆေးဖက်ဝင်နိုင်ပါတယ်။
ဆေး ဝါးဖော်စပ်တဲ့သူတွေအနေနဲ့ အဲဒီ မြို့တွေကို သွားဖော်ရင် ဆေးစွမ်း ပိုထက်ပါမယ်''ဟု
ဦးဇေယျာကို က ထပ်မံပြောသည်။

တန်ဆောင်မုန်းလပြည့်နေ့ များ၌ လမင်းသည်ကြတ္တိကာ နက္ခတ်ဖြင့် ပူးယှဉ်မှသာ အစစ် အမှန်ေ
ဆးပေါင်းခသည့်ဖြစ်စဉ်အဖြစ်သတ်မှတ်
နိုင်ပြီး တနင်္ဂနွေ ဂြိုဟ်ခေါ် နေမင်းဗြိစ္ဆာရာ
သီ နှင့် တနင်္လာဂြိုဟ်လမင်းပြိဿ ရာသီ၌ တည်ရှိမှသာ ဆေးပေါင်း ခသော တန်ဆောင်မုန်းညအဖြစ် သတ်မှတ်နိုင်သည်။

ယခုနှစ်တွင် တန်ဆောင်မုန်း
လပြည့် နက္ခလ ပြည့်ချိန်သည် မြန်မာစံတော်ချိန်
ည၉နာရီ၄၆မိနစ်ဖြစ်ပြီး ယင်း အချိန်တွင် လမင်းသည် အင်ဒို နီးရှားနိုင်ငံ အရှေ့မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်း တည်ရှိနေမည် ဖြစ်ကာ
ညသန်းခေါင်ယံအချိန် တွင် လပြည့်ဝန်းကြီးသည်ရန်ကုန် မြို့ပေါ်မှ ဖြတ်သန်းသွားမည်ဖြစ်သည့်အတွက် ဆေးဖက်ဝင် မဲ ဇလီအား
သုံးဆောင်နိုင်မည်ဖြစ် သည်။

''လပြည့်ညမှာ သုပ်စားတဲ့ မဲဇလီဖူးသုပ်က ဆေးဖက်ဝင် တယ်။ ကျေးလက်တော ရွာတွေမှာ နေတဲ့သူတွေဆိုရင် လပြည့်နေ့ လရောင်ကျထားတဲ့ မဲဇလီဖူး တွေကို ခူးသင့်ပါတယ်။
လရောင် ထိထားတဲ့ မဲဇ
လီတွေကဆေး ပေါင်းခပြီး
ဆေးစွမ်းထက်ပါတယ်။ မြို့မှာ နေတဲ့သူတွေဆို ရင်တော့ လပြည့်
ညမတိုင်မီ ခူးထားတဲ့ မဲ ဇလီဖူးတွေကို လပြည့်ညနက္ခတ် စုံချိန်ကျမှာ ရေနွေးဖျောပြီး သုပ် စား
သင့်ပါတယ်။ နက္ခတ်စုံချိန် နှစ်ချိန်ရှိပါတယ်။
လပြည့်နေ့ ည၉နာရီ၁၆မိနစ်နဲ့ လပြည့်နေ့ သန်းခေါင်ယံအချိန်မှာ မဲဇလီ ဖူးသုပ်ကို သုံးဆောင်သင့်ပါတယ်'' ဟုယင်းက ဆိုသည်။

ဆေးပေါင်းခချိန်တွင် မဲ ဇလီဖူးသုပ်စားခြင်
းဖြင့် အသက် ရှည်ပြီး အနာရောဂါကင်းမဲ့စေ
နိုင်ကြောင်း၊ မဲဇလီရွက်သည် နတ်ပြည်တွင် နတ်သက်ရှည်ရန် စားလေ့ရှိသည့် မဉ္ဇူသကနတ်
ပန်း နှင့်ဆင် တူသောကြောင့် မဲဇလီ ရွက်များကို စားသုံးခြင်းဖြင့် အ သက်ရှည်၊ အနာကင်းနိုင်ကြောင်း ရှေးသူဟောင်းတို့မှ အကြံပြုခဲ့သ ဖြင့် ယင်းဓလေ့မှာ ယနေ့တိုင် ထွန်းကားနေဆ
ဲဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post