ပေါက်တောမြို့နယ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ငန်းရပ်ဆိုင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လူမှုရေးနဲ့ကျန်းမာရေးဆိုင်ရာအကူညီတွေပေးနေတဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ ဒေသအတွင်း လူမျိုးရေးဘာဘာရေး တင်းမာမှုတွေ ပြင်းထန်လာပြီး အနှောင့်အယှက်ပေးတာတွေ ကြုံလာရတဲ့အတွက်အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ပေါက်တောမြို့က
နေ ပြန်ထွက်ခွာလာနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီအဖွဲ့တွေကို ခြိမ်းခြောက်နှောင့်ယှက်တာ
တွေ ပိုမိုများပြားလာတဲ့အတွက် ရန်ကုန်အခြေစိုက်Save the Children အဖွဲ့ကဝန်ထမ်း၁၄ဦးဟာပေါက်တောမြို့ကနေ မနေ့က စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာ
တယ်လို့ သိရပါတယ်။ ဟော်လန်နိုင်ငံက နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဟာ
လည်း ဒေသအတွင်း အခြေအနေတွေ တင်းမာလာတဲ့အတွက် စက်လှေနဲ့ လှည့်လည်ပြီး ဆေးကုသပေးတာတွေကို ရပ်ထားရတယ်လို့ MSF အဖွဲ့က
မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Vickie Hawkins က RFA ကို အတည်ပြုပြောပါတယ်။

ပေါက်တောမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က အမျိုးသမီးတစ်ဦး အသတ်ခံရပြီးနောက် ပေါက်တောအခြေစိုက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ရဟန်းတော်များနဲ့ နယ်ခံလူထုတွေက ပေါက်တောနယ်နိမိတ်အတွင်း INGO တွေ၊
NGOတွေရုံးခန်းငှါးတာတွေ၊အကူညီပေးတာတွေနဲ့ ဝင်ထွက်သွားလာတာတွေကို ၂ ရက်
အတွင်း ရပ်တန့်ပေးဖို့ပါတဲ့ တောင်းဆိုချက်တစ်ခုကို နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

From : RFA


SHARE THIS
Previous Post
Next Post