မက်ဆီ၏ တစ်နှစ်တာ ချန်ပီယံလိဂ် သွင်းဂိုးစံချိန်ကို ရော်နယ်ဒို ရိုက်ချိုး

ဂျူဗင်တပ်နှင့် (၂-၂)ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ရီးရဲလ်အတွက် (၁)ဂိုးသွင်း
ယူပေးနိုင်ခဲ့သည့် ရော်နယ်ဒိုမှာဘောလုံး
ပြက္ခဒိန် တစ်နှစ်တာအတွင်း မက်ဆီ၏ ချန်ပီယံလိဂ် သွင်းဂိုးစံချိန်ကိုကျော်ဖြတ်သွား
နိုင်ခဲ့ကြောင်း သိရသည်။

မက်ဆီသည်(၂၀၁၂)ခုနှစ်အတွင်းယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး(၁၃)ဂိုးရရှိခဲ့ပြီး ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း ချန်ပီယံလိဂ်ဂိုး အများဆုံးသွင်းယူထားသည့် ကစားသမားအဖြစ် စံချိန်တင်ခဲ့သော်လည်း ရော်နယ်ဒိုမှာ (၂၀၁၃)ခုနှစ်အတွင်း ချန်ပီယံလိဂ် သွင်းဂိုး (၁၄)ဂိုးအထိ ရရှိခဲ့ခြင်းကြောင့်ယခုကဲ့သို့စံချိန်ချိုးနိုင်ခဲ့ခြင်း
ဖြစ်သည်။

ထို့အပြင်ရော်နယ်ဒိုမှာယခုနှစ်ချန်ပီယံ
လိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး (၈)ဂိုးအထိသွင်းယူထား
နိုင်ခဲ့ပြီး ခရက်စပို၊ ဖိလစ်ပိုအင်ဇာဂီ၊
နစ္စတယ်ရွိုင်းတို့၏ ချန်ပီယံလိဂ် အုပ်စုအဆင့် သွင်းဂိုးပမာဏနှင့် တူညီသွားခဲ့ပြီဖြစ်သည်။

ရော်နယ်ဒိုမှာ ရီးရဲလ်အတွက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)ပွဲ ကစားရာတွင်(၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ခြင်းကြောင့် အဆိုပါစံချိန်ကို ထပ်မံချိုးဖျက်ရန် နီးစပ်လျက်ရှိသည်။ သို့သော် ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်မူ (၇၁)ဂိုး သွင်းယူထားသည့်ရာအူးလ်၊ (၆၃)ဂိုး သွင်းယူထားသည့် မက်ဆီတို့၏နောက်
တတိယမြောက် ကစားသမားအဖြစ်သာ ရပ်တည်နေကြောင်း သိရသည်။

From : yoyarlay.com


SHARE THIS
Previous Post
Next Post