ကာကွယ်စောင့်ရှောက်မှုကိုမရရှိသော ရခိုင်လူမျိုးများ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဦးသိန်းစိန်အစိုးရဧူ် ကိုင်တွယ်ဖြေရှင်းမှုများမှာ မေးခွန်းထုတ်စရာများဖြစ်နေပါသည်။ရခိုင်လူမျိုးသည် လက်ရှိအချိန်တွင် လူမှုဒုက္ခများ ဘင်္ဂလီများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခံစားနေရပါသည်။ဲပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် အဓိကတိုင်းရင်းသားလူမျိုးစု (၈)စုတွင်ပါဝင်သော ရခိုင်တိုင်းရင်းသားများသည် အဘက်ဘက်တွင် နိမ့်ကျနေပြီး နိုင်ငံသားအခွင့်အရေးများလည်း ဆုံရှုံးနေပါသည်။လက်ရှိဖြစ်ပေါ်နေသော ပြသနာများ ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ ...(၁) နယ်မြေလုံခြုံမှုမရှိခြင်း (သို့) ဘင်္ဂလီများဆက်တိုက် ခိုးဝင်လာနေခြင်း(၂) တရားဥပဒေ စိုးမိုးမှုမရှိခြင်း (သို့) တာဝန်ထက် ငွေကြေးကို အလေးထားခြင်း(၃)ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်အာဏာ အလုံအလောက်မရှိခြင်း (သို့) ရခိုင်လူထု၏ ဆန္ဒကိုပြည်ထောင်စုအစိုးရမှ ဥပေက္ခါပြုထားခြင်း စသည့်အချက်များပေါ်တွင်အခြေခံနေပါသည်။လက်ရှိ အချိန်တွင် အသွင်ကူးပြောင်းရေးကာလ ဖြစ်သည့်အားလျော်စွာ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများသည် ပိုမိုအားကောင်းရန်လိုအပ်နေပါသည်။လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာခြင်းသည် ဒီမိုကရေစီ စနစ်အား ပီပြင်လာစေရေးအတွက် အလွန်အရေးပါနေပါသည်။ဦးသိန်းစိန်အစိုးရ၏ ဆောင်ပုဒ်တစ်ခုဖြစ်သောသန့်ရှင်းသောအစိုးရ ကောင်းမွန်သော အုပ်ချုပ်မှု အတွက် အရပ်ဘက်အဖွဲ့အစည်းများမှအကူအညီများစွာ ပေးနိုင်ပါသည်။အဆိုပါအချက်အလက်များအရ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရန်လိုအပ်နေပါသည်။သို့ရာတွင် ရခိုင်တိုင်းရင်းသားများ၏ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များကို အာဏာပိုင်များမှအချက်အလက်ခိုင်မာမှုမရှိပဲ သံသယဖြင့် ဖမ်းဆီးနေခြင်း ၊ ဖိအားပေးခြိမ်းခြောက်နေခြင်းများရှိနေပါသည်။ သံတွဲမြို့နယ် ဘင်္ဂလီအကြမ်းဖက်ဆူပူမှုအပြီး လက်ရှိအနေအထားက အဆိုပါအချက်များကို သက်သေပြနေပါသည်။အဆိုးဝါးဆုံးမှာအာဏာပိုင်များမှာ ဖမ်းဝရမ်းမပါပဲ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများတွင်ပါဝင်လှုပ်ရှားနေသူများကို လိုက်လံဖမ်းဆီးနေခြင်းပင်ဖြစ်ပါသည်။ပေါက်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသူနှစ်ဦးအား ဘင်္ဂလီအကြမ်းဖက်သမားများမှ လိုက်လံတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ပဋိပက္ခများကို/ယ္ခုအချိန်ထိ ရာဇ၀တ်မှုကျူးလွန်သူ ဘင်္ဂလီကုလားများကို ဖမ်းဆီးအရေးယူနိုင်ဖြင်းမရှိသေးပါ။သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီအကြမ်းဖက်ဆူပူမှုအပြီးတွင် ဖြစ်လျင်ဖြစ်ပြီးခြင်း အာဏာပိုင်များမှရခိုင်တိုင်းရင်းသားများအား အထောက်အထားခိုင်မာမှုမရှိပဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ပါသည်။ဦးသိန်းစိန်အစိုးရ၏ ခွင့်ပြုချက်များဖြင့် ဘင်္ဂလီအားပေး INGO ၊ NGO အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ထဲသို့ အလုံးအရင်းဖြင့်ဝင်ရောက်နေပါသည်။ OIC အဖွဲ့မှလည်း မောင်တောနယ်သို့သွားရောက်လေ့လာရန်အတွက် အစိုးရနှင့်ဆွေးနွေးနေသည်ပာု သိရှိရပါသည်။ အခိုင်တိုင်းရင်းသားများမှာ ၄င်းဘင်္ဂလီအားပေးအဖွဲ့အစည်းများဝင်ရောက်လာပြီးနောက် ပြသနာများဖြစ်ပွားလာကာ မတရားထပ်မံဖမ်းဆီးခံရမည်ကို အလွန်စိုးရိမ်နေကြရပါသည်။ရခိုင်တိုင်းသားများမှာ မွေးရာပါနိုင်ငံသားဖြစ်လျက်ပင်ဖြစ်သော်လည်းပဲ နိုငံတော်အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကိုမရရှိသော လူမျိုးဖြစ်နေပါသည်။ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post