မြို့ နယ်မြေစာရင်းရုံးသစ်ဖွင့်ပွဲအခမ်းအနားကို မင်းပြားတွင် ယနေ့ ဖွင့်လှစ်ကျင်းပ

(၁၁-၁-၂၀၁၄ ၊ လေးမြို့ ပြန်ကြားရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ စွန်ရဲလမ်းပေါ်ရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၊ မြို့ နယ်မြေစာရင်းဦးစီးဌာနမှုးရုံး ၊ရုံးသစ်ဖွင့်ပွဲ
အခမ်းအနားကို ယနေ့ နံနက် (၉း၀၀)နာရီခန့် က စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမြေစာရင်းရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်မြေစာရင်းဦးစီးဌာန ၊ပြည်နယ်
မြေစာရင်းဦးစီးဌာနမှုး ဦးသန်းထွဋ် ၊ ခရိုင်မြေစာရင်းဦးစီးဌာန ၊ ခရိုင်မြေ
စာရင်းဦးစီးဌာနမှုး ဦးကျော်ညွန့် နှင့် အခြားဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာရင်းဌာနရုံးသည် ယခင်ကသီးခြားရုံးအဖြစ် မရှိခဲ့ဘဲ မင်းပြားမြို့ နယ်၊မယကရုံးကြီးတွင်ပေါင်းဖွင့်ထားခဲ့ကြောင်း သိရပြီး ယခု စွန်ရဲလမ်းပေါ်တွင်  ဌာနပိုင် သီးခြားရုံးအဖြစ် (၅-၆)နှစ်ကြာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။

မည်သို့ ပင်ဆိုစေကာမူ ယခုကဲသို့ ဌာနသစ် ၊ အဆောက်အဦးသစ်များ ပေါ်ထွန်းလာခြင်းဖြင့် ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရ၏ တိကျသောလမ်းညွန်မူဝါဒများ အမှန်တကယ်အကောင်အထည်ပေါ်လာ
နိုင်ပြီးပြည်နယ်အကျိုး ၊ နိုင်ငံအကျိုးကောင်းများပေါ်ထွန်းလာနိုင်ပါ
စေကြောင်း ဆုတောင်းမေတ္တာပို့ ၊ ရေးသားလိုက်ရပါသည်။

ပေးပို့ သူ - ကိုစံ
ရေးသားသူ - မင်းမြတ်ခိုင်


SHARE THIS
Previous Post
Next Post