(၉-၁-၂၀၁၄ ၊ လေးမြို့ သတင်းတို)
ရခိုင်ပြည်နယ် ၊ မင်းပြားတွင် နှစ်စဉ်အစဉ်
အလာမပျက်ကျင်းပမြဲဖြစ်သော မြို့ လုံးကျွတ်
ဓမ္မသဘင်တရားပွဲကို ယခုနှစ်တွင်လည်း (၅၆)ကြိမ်မြောက်အဖြစ် အစဉ်အလာမပျက် ကျင်းပလျှက်ရှိကြောင်း သိရသည်။
အဆိုပါဓမ္မသဘင်တရားပွဲကြီးအား မင်းပြားမြို့ နယ် ၊ ပဉ္စသီလ ရက္ခိတ ငါးပါးသီလအသင်း
ကြီးမှ ဦးဆောင်ကြီးမှုးကာ သက္ကရာဇ် (၁၃၁၉)ခုနစ်မှ စတင်၍ မင်းပြားမြို့ ၊ မြို့ နယ်ဓမ္မာရုံကြီး၌ နှစ်စဉ်ကျင်းပလျှက်ရှိကြောင်း သိရပြီးယခုအခါ(၅၆)ကြိမ်မြောက်ခဲ့ပြီဖြစ်
်ကြောင်း သိရသည်။
အဆိုပါဓမ္မသဘင်တရားပွဲသည် (၄၅)ည
တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရပြီး စစ်တွေမှ ဓါတ်လည်ဆရာတော်ဘုရားကြီး
အပါအ၀င် ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းမှ
နာမည်ကြီး ဓမ္မကထိကဆရာတော်အကျော်
အမော်များအလှည့်ကျလာရောက်ဟောကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓမ္မသဘင်တရားပွဲတွင် တရားပွဲမစမီ ညစဉ်အာဟာရဓာနများကို ကျွေးမွေးပေးနေပြီး ဓာနပြုလှူဒါန်းလိုသောစေတနာရှင်များမှာလည်း မြို့ နယ်ဓမ္မာရုံကြီးတွင် လာရောက်လှူ
ဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။
အဆိုပါ ဓမ္မသဘင်တရားပွဲသည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ရက်ရှည်တရားပွဲကြီးဖြစ်ကြောင်း မင်းပြား
ဓမ္မာရုံကြီးတွင်တရားရေအေးတိုက်ကျွေးဖူး
ခဲ့သူ နိုင်ငံကျော် ဆရာတော်ဘုရားကြီး ဥူးသုမင်္ဂလ (မန္တလေး ၊မင်္ဂလာတိုက်
ဆရာတော်)က ထောက်ပြချီးကျူးထောပနာ
ပြုခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)