သဲတန်းတံတားသစ်တည်ဆောက်မှု စီမံကိန်းကြောင့် မင်းပြား၊အဝေးပြေးယာဉ်ရပ်နားရေးစခန်းများအား ယာယီပြောင်းရွေ့ ထား


(၈ - ၁ -၂၀၁၄ ၊ လေးမြို့ သတင်းတို )

ရခိုင်ပြည်နယ်အတွင်းရှိ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က မြို့ တစ်မြို့ ဖြစ်သော မင်းပြားမြို့ အနီး သဲတန်းတံတားသစ် တည်ဆောက်မှုစီမံကိန်းကြောင့် မင်းပြားမြို့ ထွက်ပေါက်ဂိတ်ဝအနီးရှိ အဝေးပြေး
ယာဉ်ရပ်နားရေးစခန်းအား မြို့ ပြင်သို့ ယာယီပြောင်းရွေ့ ထားရကြောင်း သိရသည်။

အဆိုပါသဲတန်းတံတားသစ်တည်ဆောက်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ၊ တံတားဆောက်
လုပ်ရေး အထူးအဖွဲ့ (၈)မှ တာဝန်ယူကာ လွန်ခဲ့ သော (၃)လလောက်က စတင်
ဆောက်လုပ်ခဲ့ကြောင်း သိရပြီး အဆိုပါတံတားသစ်တည်ဆောက်နေသဖြင့် ယာယီ(ယခင်)တံတားအား တန်ချိန်များသည့် ယာဉ်များအားဖြတ်သန်းခွင့်တားမြစ်ထားခဲ့
ကြောင်း သိရသည်။

ထို့ ကြောင့်အဝေးပြေးအမြန်(Express)
ယာဉ်များရပ်နားစခန်းအား ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ နားရမ်းရွာအနီးရှိ (၃)ခွဆုံတွင် ပြောင်းရွေ့ ထားကြောင်း သိရပြီး ကုန်တင်ကားများရပ်နားစခန်းအား
ခေါင်းလောင်းရွာဟောင်းအနီး လယ်ကွင်းတွင် ယာယီပြောင်းရွေ့ ဖွင့်လှစ်ထားကြောင်း သိရသည်။

ယခုအခါ ယာယီရပ်နားရေးစခန်းသစ်များမှာ အဝေးပြေးကားများ ၊ ခရီးသည်များဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)


SHARE THIS
Previous Post
Next Post