မြောင်းဘွေရဲစခန်းတွင် အကျင့်ပျက်ခြစားမှုများရှိနေ ( လေးမြို့ ပေးစာကဏ္ဍ)


မြောက်ဦးမြို့နယ်၊ မြောင်းဘွေအုပ်စု၊ ရွာသစ်ကျေးရွာနေ (ဘ)ဦးမောင်ထွန်း၏သား
မောင်လှမြင့်မှာနွား(၁၄)ကောင်အားတစ်ရွာတည်းနေဒေါ်ကြည်ကြည်အေးကို(၁၉.၁.၂၀၁၃)နေ့ အငှါးထားရာမှ နွားထီးကြီး နှစ်ကောင်ပျောက်ဆုံးသွားသည်။

၎င်းနေ့ မြောင်းဘွေရဲစခန်းသို့(၇.၃.၂၀၁၃)
နေ့တိုင်ကြားခဲ့သော် တရားခံအားစစ်ဆေး၊
မေးမြန်းခြင်းမရှိဘဲ နွားပိုင်ရှင်မောင်လှမြင့်ကို ဂတ်စာရေးဦးမဲထွန်းအောင် ရိုက်နိုက်ပြီး
အချုပ်ခန်းထဲသို့ထည့်ထားလိုက်သည် ။

ဒေါ်ကြည်ကြည်အေးအိမ်တွင်တစ်ည
အိပ်ရောက်လာသော မြောင်းဘွေချေရွာ
နေ(ဘ) ဦးမောင်သိန်းထွန်း၏သား ဦးဝင်းမောင်သန်းကို ဂတ်စာရေးမဲထွန်းအောင်
နှင့် ဒုရဲအုပ်သန်းတန်မောင်တို့က အကျင့်ပျက်ခြစားငွေ(၅၀၀၀၀၀)ကျပ်ဖြင့်အမှုကိုလိမ်ညှာပြီး ၀င်းမောင်သန်းကို အမှုဖွင့်လိုက်သည်။

မြောက်ဦးမြို့နယ်မှူးရုံးစာရေးအေးထွန်းယဉ်
ကမြောင်းဘွေစခန်းမှူးကိုယ်တိုင်စီစစ်ပါ။
အောက်ကငယ်သားတွေကိုလွဲမထားနဲ့ဆိုပြီး
ပြန်ချပေးလိုက်သည်။မြောင်းစခန်းမှလည်း ဤအမှုကိုပိတ်ထားလိုက်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အုပ်စုစာရေး
မောင်ဟန်တင် ၊ဂတ်စာရေးမဲထွန်းအောင်၊
ဒုရဲအုပ်သန်တန်မောင်တို့ကအာဏာအလွဲသုံးစား အကျင့်ပျက်ခြစားငွေစားထားပြီး အမှု
ကိုပိတ်ထားလိုက်သည်။

ထိုအမှုနှင့် ပက်သက် ၍ မြောက်ဦးမြို့
နယ်တရားရုံးမှ တရားလိုမောင်လှမြင့်ဦးက
တိုက်လျှောက်ထားသည်။(၅.၈.၂၀၁၃) ထိုနွားထီးနှစ်ကောင်ကိုမကြည်ကြည်အေးက
ဝင်းမောင်သန်းကို ပေးအပ်လိုက်သည်။
၎င်း၏နွားကိုလောင်းကြက်တောင်မော်
ကောင်တိရတ္တမှစုံစမ်းတွေ့ရှိရသည်။

ဤအမှုကိုတရားဖက်မှ ငွေစား ၍လုံးဝ
ဆက်လုပ်မပေးပါ။ထို့ ကြောင့် တရားဥပဒေ
စိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူတိုက်ဖျက်
ရေးပြုပြင်ဖော်ဆောင်နေကြသည့် အထက်လူကြီးများသိရှိစေရန်အသိပေးတင်ပြလိုက်ရပါသည်။

မောင်လှမြင့် ၁၁/မဥန(နိုင်) ၁၄၁၆၅၉ ဖုန်း-09421735048
မြောင်းဘွေအုပ်စု၊ ရွာသစ်ကျေးရွာ။


SHARE THIS
Previous Post
Next Post