နေပူတောင် အလှဆင်ကျောက်ပြားထုတ်လုပ်ရန် တောင် ကုတ်တွင် စက်ရုံတည်မည် ဟု ဆို


တောင်ကုတ်မြို့နယ် နေပူတောင်မှ အလှဆင်ကျောက်ပြားများ ထုတ်လုပ်ရန် ဒေသတွင်း စက်ရုံတည်ဆောက်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ယမန်နေ့က ပြောကြားခဲ့သည်ဟု ဇွန်န၀ါရီလ (၁၇) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

တောက်ကုတ်မြို့၌ မာဘယ်လ်ကျောက်ပြား ကုန်ချောထုတ် စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ ကို ဇန်န၀ါရီလ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရသေ့တောင်-ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်က မေးမြန်းရာ၊ တည်ဆောက်ပြီး ထုတ်လုပ်သွားရန် အစီအစဉ် ရှိကြောင်း ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဖြေကြားသွားသည်ဟု ဖော်ပြထားသည်။

From : Coral Arakan News


SHARE THIS
Previous Post
Next Post