ဇီးပင်ကြီးဆရာတော်ဘုရားကြီး၏ ငွေပဒေသာ မတည်ရန်ပုံငွေဖြင့် နှစ်စဉ်ကျင်းပနေမြဲ ဖြစ်သော ကျောင်းသားအားကစားပွဲတော်အား ယခုနှစ်တွင်လည်း အ.ထ.က(ခွဲ) မင်းရွာတွင် အစဉ်အလာမပျက်ကျင်းပ


(၁၈-၁-၂၀၁၄ ၊ လေးမြို့ ပညာရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ အ၀ရွာအုပ်စု ၊ အ.ထ.က(ခွဲ) မင်းရွာတွင် ဇီးပင်ကြီး
ဆရာတော်(ကုသိနာရုံဆရာတော်)ဘုရားကြီး၏ ငွေပဒေသာမတည်ရန်ပုံငွေဖြင့် နှစ်စဉ်ကျင်းပနေမြဲ ဖြစ်သော ကျောင်းသား
အားကစားပွဲတော်အား ယခုနှစ်တွင်လည်း အစဉ်အလာမပျက်ကျင်းပနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ၊ ဗုဒ္ဓဂါယာရှိ ၊ ကုသိနာရုံကျောင်း
တိုက်မှ ကျောင်းထိုင်ဆရာတော်ဘုရားကြီး ရှင်ဥာဏိသာရ၏ငွေပဒေသာမတည်ရန်ပုံငွေ
ဖြင့်ပြုလုပ်ကျင်းပသောကျောင်းသားအား
ကစားပွဲတော်၏ဖွင့်ပွဲအခမ်းအနားကို 
ယနေ့ (၁၈၊၁၊၂၀၁၄ )နေ့ ၊ နံနက်(၉)နာရီ
ခန့် က အ.ထ.က(ခွဲ)မင်းရွာ၏ ကျောင်းပိုင်ဘောလုံးကွင်း၌စတင်
ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား
သို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှုးများ ၊
သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်များ ၊ ဆရာ/မများ ၊ ကျောင်းသား၊သူများ ၊ မိဘအုပ်ထိန်းသူများ
အပါအ၀င် ရွာသူရွာသားများ စုပေါင်း
တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် မင်းရွာ ၊ ဇီးပင်ကြီး ၊ မြစ်နား ၊ အ၀ရွာ ၊ ခွဆုံ ၊ ဖားပြို(ရခိုင်) ၊ ဖေသာပြင် ၊ ကြက်ယက်
အပါအ၀င် အ၀ရွာအုပ်စုမှ ကျောင်းပေါင်း (၁၀) ကျောင်းခန့်  ပါဝင်ခဲ့ကြောင်းသိရပြီး ဘောလုံး ၊ ပိုက်ကျော်ခြင်း ၊ တာတိုပြေးပွဲ အပါအ၀င် အားကစားအမျိုးအစားပေါင်း(၅)မျိုးကိုထည့်သွင်းကျင်းပထားကြောင်း ပွဲတော်ဖြစ်မြောက်
ရေးတာဝန်ရှိသူတစ်ဦးက လေးမြို့ သို့ ပြောကြားသည်။

ယခုအခါ အားကစားပြိုင်ပွဲများအပြင် စာပေပြိုင်ပွဲများကိုပါ တစ်ဆက်တည်းကျင်းပလျှက်ရှိကြောင်း သိရပြီးဒေသတွင်းအထူးစည်ကားသော အားကစားပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အ.ထ.က (ခွဲ)ကျောင်းသည်
ရာမောင်သားများအတွက် အနာဂတ်မျိုးဆက်သစ်များ အစဉ်တဆက်
မွေးထုတ်ပေးနေသောကျောင်းတစ်ကျောင်း
ဖြစ်ပြီး ယခုကဲသို့ အားကစားပွဲတော်များ ၊ စာပေပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခြင်းဖြင့်
ကျောင်းသား၊သူများ၏ ကျန်းမာကြံ့ ခိုင်ရေး ၊ ဥာဏ်ရည်ဖွံ့ ဖြိုးရေးနှင့် ပေါင်းသင်းဆက်ဆံ
ရေးတို့ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ပေးပို့ သူ - ဆရာမြတ်စိုး
ရေးသားသူ - သက်ထားရွှေစင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post