စင်္ကြာမုနိဆင်းတုတော်တစ်ဆူကို မသင်္ကာဖွယ်ပင့်ဆောင်လာသည့် လူတစ်ဦးအား မင်းပြား ၊ ဓမ္မာရုံဝင်းအတွင်း ဖမ်းဆီးရမိ

(၂၄-၁-၂၀၁၄ နေ့ ၊ လေးမြို့ မှုခင်းသတင်းတို )

ယနေ့ (၂၄ ၊ ၁ ၊ ၂၀၁၄) ၊ နံနက် (၉း၀၀)နာရီ ၀န်းကျင်ခန့် က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ မြို့ ရောနယ်ပါဓမ္မာရုံကြီးဝင်းအတွင်းတွင် စင်္ကြာမုနိဆင်းတုတော်တစ်ဆူကို မသင်္ကာဖွယ်ပင့်ဆောင်လာသည့်
လူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၄ ၊ ၁ ၊ ၂၀၁၄)နေ့  ၊ နံနက် (၉း၀၀)နာရီ ၀န်းကျင်ခန့် က ၊ မြို့ ရောနယ်ပါ
ဓမ္မာရုံကြီးဝင်းအတွင်း၌ မသင်္ကာဖွယ် လူတစ်ဦးသည်စင်္ကြာမုနိဆင်းတုတော်တစ်ဆူအား လာရောက်ရေဆေးကြောနေသည်ကို ဓမ္မာရုံရှိ လူအချို့ က မသင်္ကာဖွယ်တွေ့ ရှိရ၍  နီးစပ်ရာ တပ်မတော်သား(၂)ဦး ၏ အကူအညီဖြင့် ဖမ်းဆီးစစ်ဆေး၍ မေးမြန်းရာ ထိုသူသည် မင်းပြားမြို့ နယ် ၊ ပန်းဇင်းမော်ကျေးရွာမှ ဖြစ်ကြောင်းသာ သိရပြီး ဆင်းတုတော်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ
မသိရသဖြင့် မင်းပြားမြို့ နယ် ၊ ပြည်သူ့ ရဲစခန်း သို့ သွားရောက်လွှဲပြောင်း၊ အပ်နှံခဲ့ကြောင်း သိရသည်။

ထိုမသင်္ကာဖွယ်ရာ လူသည် ယခုတွေ့ ရှိရသော ဘုရားဆင်းတုတော်အား မည်သည့်ဒေသ၊အရပ်မှ မည်သို့ယူဆောင်
လာသည်ကို မသိရသေးသော်လည်း ဖေါ်ပြပါ ဆင်းတုတော်သည် ရခိုင့်ရှေးဟောင်း
ဘုရားဆင်းတုတော်တစ်ဆူုဖြစ်နိုင်ကြောင်း မင်းပြားမြို့ သူ၊မြို့ သားတချို့ က ထင်ကြေးပေးပြောဆိုနေကြကြောင်း
သိရသည်။

ပေးပို့ သူ - ကိုသိန်း
ရေးသူ - မင်းမြတ်ခိုင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post