မင်းပြားမြို့ က ဖုန်းလှိုင်းကျပ်တည်းမှုပြသနာ သက်ဆိုင်ရာမှ အမြန်ဖြေရှင်းပေးပါ (လေးမြို့ ပေးစာကဏ္ဍ)

(၂၅-၁-၂၀၁၄ ၊ လေးမြို့ ပေးစာကဏ္ဍ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်ဖုန်းလိုင်းတွေ သုံးစားမရတောာ့ပါ။ sim card တွေကလည်းချပေးလိုက်တာမှာ လတိုင်းလိုလိုပါပဲ။ တစ်လထက်တစ်လ လိုင်းကပိုပိုဆိုးလာနေပါတယ်၊တာဝါတိုင်ကလည်းနှစ်တိုင်ပဲရှိပါတယ်။တာဝါတိုင်ထူပေးမယ်လို့တော့ကြားပါတယ် ဘယ်တော့မှထူမလဲဆိုတာ ဘယ်သူမှအတိအကျမသိပါဘူး။ အင်တာနက်သုံးရတာလည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ ငွေကုန်တာပဲအဖတ်တင်တယ်။ အဲဒါကြောင့် တာဝါတိုင်တွေဘယ်တော့များမှ ထူပေးကြမှာလဲ? ဘယ်တော့များမှ 3G လိုင်းသုံးလို့ရလာမလဲဆိုတာကို အထက်ကသက်ဆိုင်ရာလူကြီးတွေကို ဒီနေရာကနေအသိပေးမေးမြန်းလိုက်ရပါတယ် ခင်ဗျာ...
                                         
ပေးပို့သူ- ကိုမြတ်


SHARE THIS
Previous Post
Next Post