ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည့် ဒုချီးရားတန်း ကုလားရွာအား ထောက်ပံ့ပစ္စည်းများ ပြည်ခိုင်ဖြိုးက လှူဒါန်း။ အနီးအနား ရခိုင်ရွာသားများ ကြောက်လန့်ထွက်ပြေး

ပြီးခဲ့သည့် ဇွန်န၀ါရီလ (၁၃) ရက်နေ့က ကင်းလှည့်နေသာ ရဲတပ်သားများအား လုပ်ကြံတိုက်ခိုက်ကာ ရဲတပ်ကြပ်ကြီး အောင်
ကျော်သိန်းအား ဖမ်းယူသွားသည့် ဒုချီးရားတန်း ရွာသူရွာသား ကုလားများအား မောင်တောမြို့နယ် ပြည်ခိုင်ဖြိုးပါ
တီအတွင်းရေးမှူး ဦးကျွဲချေ (ခေါ်) ဦးထွန်းလှစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များက အထောက်အပံ့ အကူအညီပစ္စည်းများ သွားရောက် လှူဒါန်းရာ၊

ကုလားများက တဖန်ပြန်လည် ထောင်လွှားမောက်မာလာသဖြင့် အနီးအနားရှိ ရခိုင်ရွာငယ်များမှ တိုင်းရင်းသားများသည် မိမိတို့ ကျေးရွာများတွင် မနေ၀ံ့တောဘဲ စွန့်ခွာထွက်ပြေးနေကြကြောင်း သိရသည်။

ယနေ့ နေ့လယ်က မောင်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျွဲချေ (ခေါ်) ဦးထွန်းလှစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များသည် ဒုချီးရားဒန်း ရွာသား ကုလားများအား စောင် အထည် နှစ်ရာ၊ ဆန်အိတ် တစ်ရာ၊ ဒန်ရေအိုးခွက် တစ်ရာ နှင့် ငါးခြောက် (၃၈) ပိဿာ တို့အား သွားရောက် လှူဒါန်းခဲ့သည်။

ရဲတပ်ကြပ်ကြီးကိုတောင် နှိပ်စက်ပြီး သတ်ပစ်လိုက်တာ၊ ဘာမှ မဖြစ်တဲ့အပြင် ငါတို့ကို လာပြီး မျက်နှာလုပ်နေရတယ် ဟု ဆိုပြီး အနီးအနား ရခိုင်ရွာများမှ တိုင်းရင်းသားများအား ကုလားများက ခြိမ်းခြောက် ပြောဆိုနေကြရာ၊ တိုင်းရင်းသား
များမှာ မိမိတို့နေအိမ်များကို စွန့်ခွာ၍ ပိုမို လုံခြုံမှုရှိမည်ထင်သည့် နေရာများသို့ ပြောင်းရွှေ့ထွက်ပြေးနေကြသည် ဟု ဆိုသည်။

ပြီးခဲ့သော တစ်ရက် နှစ်ရက်ခန့်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ဒုချီးရားတန်းရွာကို ရောက်လာစဉ်က ၄င်း
၏ ပြည်ခိုင်ဖြိုးပါတီဝင်များအား ယခုကဲ့သို့ လှူဒါန်းရန် မှာကြားခဲ့သည် ဟု သိရသည်။

From : Coral Arakan News


SHARE THIS
Previous Post
Next Post