ကျောက်တော်မြို့ သို့ ရောက်ရှိနေသော ရခိုင်မျိုးနွယ်စုဒုက္ခသည်များအတွက် မင်းပြားမြို့ နယ်မှ အသုံးအဆောင်များနှင့် ငွေကျပ်(၁၀)သိန်းခန့် လှူဒါန်းသွားမည်

(၂၆-၁-၂၀၁၄ ၊ လေးမြို့ ပြန်ကြားရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အခက်အခဲအမျိုးမျိုး
ကြောင့် ကူးပြောင်းဝင်ရောက်လာကြသော
ရခိုင်မျိုးနွယ်စုဝင်ဒုက္ခသည်များအတွက် မင်းပြားမြို့ နယ်ရှိစေတနာရှင်များထံမှ လူသုံးကုန်ပစ္စည်း၊အသုံးအဆောင်များနှင့် ငွေသားစုစုပေါင်း ကျပ်(၁၀)သိန်းခန့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကူးပြောင်းရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စုဒုက္ခသည် (၁၂၀)ဦး ၊ အိမ်ထောင်စု (၃၅)စုတို့ အတွက်
မင်းပြားမြို့နယ်၊ဒုက္ခသည်များကူညီထောက်
ပံ့ရေးကော်မတီမှ ဦးဆောင်ပြီး အလှူပစ္စည်း
များနှင့် ငွေများကို၂၀၁၄-ခု ၊ ဇန်န၀ါရီလ-၂၅ ရက်နေ့ မှ ၂၆ - ရက်နေ့ အထိ ဆော်သြ
ကောက်ခံခဲ့ရာ မင်းပြားမြို့ ပေါ်နှင့် နယ်ရှိ
စေတနာရှင်များထံမှ အ၀တ်အထည်များ ၊ အိုးခွက်ပန်းကန်များ၊ပလပ်စတိတ်(ထိုင်း)
ဖျာများ အစရှိသောလူသုံးကုန်ပစ္စည်းများနှင့် ငွေသားစုစုပေါင်း (၁၀-သိန်း)ခန့် ရရှိခဲ့ကြောင်း သိရသည်။

၎င်းကောက်ခံရရှိသော အလှူပစ္စည်းများနှင့် ငွေသားများကိုမင်းပြားမြို့နယ်၊ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူ
များက ကျောက်တော်မြို့ သို့ ၂၀၁၄-ခု ၊ ဇန်န၀ါရီလ-၂၇-ရက်နေ့ တွင် သွားရောက်
ကူညီ၊ထောက်ပံ့၊လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပေးပို့ သူ - အခင်ထွန်း ၊ ဓါတ်ပုံ - မင်းမြတ်ခိုင်
ရေးသားသူ - သက်ထားရွှေစင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post